ကနေဒါမှာ အအေးဓာတ်လျော့တဲ့ ဆောင်းရာသီကြောင့် ကမ္ဘာ့အကြီးဆုံး ရေခဲစကိတ်ကွင်းကို ပိတ်ထားလိုက်ရ
ရောင်နီ (NP News) - ဖေဖော်ဝါရီ ၂၆
ကမ္ဘာ့အကြီးဆုံး သဘာဝရေခဲပြင် စကိတ်ကွင်းဖြစ်တဲ့ Rideau Canal Skateway ဟာ ရေခဲမှုနည်းပါးခြင်းကြောင့် ဖွင့်လှစ်တော့မည် မဟုတ်ကြောင်း ၎င်းရဲ့ အော်ပရေတာက သောကြာနေ့ (ဖေဖော်ဝါရီလ ၂၄ ရက်)မှာ ပြောကြားခဲ့ပါတယ်။
(၇ ဒသမ ၈) ကီလိုမီတာ (၄ ဒသမ ၉ မိုင်) ရှည်လျားတဲ့ Rideau Canal Skateway ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅ဝ ကျော်က စတင်ဖွင့်လှစ်ခဲ့တဲ့ ကနေဒါနိုင်ငံမြို့တော် အော့တဝါ ရှိ UNESCO ကမ္ဘာ့အမွေအနှစ်နေရာတစ်ခုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ကနေဒါနိုင်ငံရဲ့ အအေးလွန်ကဲသော ဆောင်းရာသီမှာ စကိတ်စီး ဝါသနာပါသူများအတွက် ထိပ်တန်းဆွဲဆောင်မှုတစ်ခုလည်း ဖြစ်ပါတယ်။ စကိတ်လမ်းကို ထိန်းသိမ်းမှုများပြုလုပ်နေတဲ့ National Capital Commission (NCC) က ၎င်းတို့ဟာ ရာသီဥတုပြောင်းလဲမှုရဲ့ အကျိုးသက်ရောက်မှုများကို အကဲဖြတ်ပြီး ပြင်ဆင်မှုများ ပြုလုပ်ခဲ့သော်လည်း ယခုရာသီမှာ စကိတ်ကွင်း ဖွင့်လှစ်ရန် ၎င်းတို့ရဲ့ ကြိုးပမ်းမှုများ အရာမထင်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
စကိတ်ကွင်းဟာ အနည်းဆုံး ၁၂ လက်မ (၃ဝ စင်တီမီတာ) အထူရှိမှသာ အပူချိန် (- ၂ဝ)စင်တီဂရိတ်နဲ့ (- ၁ဝ) စင်တီဂရိတ်ကြား အပူချိန် ၁ဝ မှ ၁၄ ဒီဂရီ ဖာရင် ဟိုက်ရှိမှသာ ဖွင့်နိုင်တယ်လို့ သိရပါတယ်။ ယခု အော့တဝါမှာ ဇန်နဝါရီလရဲ့ ပျမ်းမျှအပူချိန် (- ၅ ဒသမ ၉ ) စင်တီဂရိတ်သာ ရှိခဲ့ပါတယ်။
ယခုနှစ် အပူချိန်တွေဟာ လာနီညာ ရာသီဥတုဖြစ်စဉ်ကြောင့် လွန်ခဲ့တဲ့ ဆယ်စုနှစ် အနည်းငယ်ကထက် ဆောင်းရာသီများကို ပိုမိုအအေးလျော့လာစေတယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားကြပါတယ်။
zawgyi version
ကေနဒါမွာ အေအးဓာတ္ေလ်ာ့တဲ့ ေဆာင္းရာသီေၾကာင့္ ကမာၻ႔အႀကီးဆုံး ေရခဲစကိတ္ကြင္းကို ပိတ္ထားလိုက္ရ
ေရာင္နီ (NP News) - ေဖေဖာ္ဝါရီ ၂၆
ကမာၻ႔အႀကီးဆုံး သဘာဝေရခဲျပင္ စကိတ္ကြင္းျဖစ္တဲ့ Rideau Canal Skateway ဟာ ေရခဲမႈနည္းပါးျခင္းေၾကာင့္ ဖြင့္လွစ္ေတာ့မည္ မဟုတ္ေၾကာင္း ၎ရဲ႕ ေအာ္ပေရတာက ေသာၾကာေန႔ (ေဖေဖာ္ဝါရီလ ၂၄ ရက္)မွာ ေျပာၾကားခဲ့ပါတယ္။
(၇ ဒသမ ၈) ကီလိုမီတာ (၄ ဒသမ ၉ မိုင္) ရွည္လ်ားတဲ့ Rideau Canal Skateway ဟာ လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၅ဝ ေက်ာ္က စတင္ဖြင့္လွစ္ခဲ့တဲ့ ကေနဒါႏိုင္ငံၿမိဳ႕ေတာ္ ေအာ့တဝါ ရွိ UNESCO ကမာၻ႔အေမြအႏွစ္ေနရာတစ္ခုရဲ႕ တစ္စိတ္တစ္ပိုင္းျဖစ္ၿပီး ကေနဒါႏိုင္ငံရဲ႕ အေအးလြန္ကဲေသာ ေဆာင္းရာသီမွာ စကိတ္စီး ဝါသနာပါသူမ်ားအတြက္ ထိပ္တန္းဆြဲေဆာင္မႈတစ္ခုလည္း ျဖစ္ပါတယ္။ စကိတ္လမ္းကို ထိန္းသိမ္းမႈမ်ားျပဳလုပ္ေနတဲ့ National Capital Commission (NCC) က ၎တို႔ဟာ ရာသီဥတုေျပာင္းလဲမႈရဲ႕ အက်ိဳးသက္ေရာက္မႈမ်ားကို အကဲျဖတ္ၿပီး ျပင္ဆင္မႈမ်ား ျပဳလုပ္ခဲ့ေသာ္လည္း ယခုရာသီမွာ စကိတ္ကြင္း ဖြင့္လွစ္ရန္ ၎တို႔ရဲ႕ ႀကိဳးပမ္းမႈမ်ား အရာမထင္ခဲ့ေၾကာင္း ေျပာၾကားခဲ့ပါတယ္။
စကိတ္ကြင္းဟာ အနည္းဆုံး ၁၂ လက္မ (၃ဝ စင္တီမီတာ) အထူရွိမွသာ အပူခ်ိန္ (- ၂ဝ)စင္တီဂရိတ္နဲ႔ (- ၁ဝ) စင္တီဂရိတ္ၾကား အပူခ်ိန္ ၁ဝ မွ ၁၄ ဒီဂရီ ဖာရင္ ဟိုက္ရွိမွသာ ဖြင့္ႏိုင္တယ္လို႔ သိရပါတယ္။ ယခု ေအာ့တဝါမွာ ဇန္နဝါရီလရဲ႕ ပ်မ္းမွ်အပူခ်ိန္ (- ၅ ဒသမ ၉ ) စင္တီဂရိတ္သာ ရွိခဲ့ပါတယ္။
ယခုႏွစ္ အပူခ်ိန္ေတြဟာ လာနီညာ ရာသီဥတုျဖစ္စဥ္ေၾကာင့္ လြန္ခဲ့တဲ့ ဆယ္စုႏွစ္ အနည္းငယ္ကထက္ ေဆာင္းရာသီမ်ားကို ပိုမိုအေအးေလ်ာ့လာေစတယ္လို႔ ကြၽမ္းက်င္သူေတြက ခန္႔မွန္းထားၾကပါတယ္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပါကစ္စတန်ထောက်လှမ်းရေးအဖွဲ့ထံ ဒုံးကျည်အချက်အလက်တွေ ပေးပို့ခဲ့တဲ့အတွက် အိန္ဒိယစစ်ဘက်အကြီးတန်းအရာရှိ ဖမ်ဆီးခံရဟုဆို
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း