သာသနာ့တက္ကသိုလ်များမှ ဂုဏ်ထူးဆောင်ဓမ္မပါရဂူဘွဲ့ရ အပါအဝင် သံဃာအပါး (၃ဝဝဝ)ကျော် ပေါ်ထွန်းခဲ့ပြီး နယ်စပ်ဒေသများ၌ သာသနာပြုလျက်ရှိ
မျိုးကြီး (NP News) - ဖေဖော်ဝါရီ ၂၅
နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(၂)ခုမှ ဂုဏ်ထူးဆောင်ဓမ္မပါရဂူဘွဲ့ရ အပါအဝင် သံဃာအပါး (၃ဝဝဝ)ကျော် ပေါ်ထွန်းခဲ့ပြီး သာသနာပြုလျက်ရှိကြောင်း ဝန်ကြီးဦးကိုကိုက ပြောသည်။
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဦးကိုကိုက ဖေဖော်ဝါရီလ ၂၄ ရက်တွင် ရန်ကုန်မြို့ ကမ္ဘာအေးကုန်း မြေရှိ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်ဘွဲ့နှင်းသိမ်ဓမ္မာရုံ၌ ကျင်းပသည့် အစည်းအဝေးတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့မှ ပရိယတ္တိပညာရေး ရေရှည်တည်တံ့ခိုင်မြဲစေရေးကို ရှေးရှုကာ နိုင်ငံ တော်ပရိယတ္တိသာ သနာ့တက္ကသိုလ်(၂)ခုကို တည်ထောင်ဖွင့်လှစ်ခဲ့ရာတွင် (၃၇)နှစ်တာကာလသို့ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း ဝန်ကြီးကဆိုသည်။
၎င်းတက္ကသိုလ်များမှ သာသနတက္ကသီလဓမ္မာစရိယ (B.A) ဘွဲ့ရ သံဃာ(၂၆၅၃)ပါး၊ သာသနတက္ကသီလမဟာဓမ္မာစရိယ (M.A)ဘွဲ့ရ (၄၈၄) ပါး၊ သာသနတက္ကသီလဓမ္မပါရဂူ (Ph.D)ဘွဲ့ရ (၁၄)ပါး၊ ဂုဏ်ထူး ဆောင်ဓမ္မပါရဂူ (D.Litt)ဘွဲ့ရ (၅)ပါး စုစုပေါင်း (၃၁၅၆)ပါး ပေါ်ထွန်းခဲ့ကြောင်း ဝန်ကြီးက ပြောဆိုခဲ့သည်။
လက်ရှိတွင် အဆိုပါသံဃာတော်များအနေဖြင့် နယ်စပ်နှင့်တောင်တန်းဒေသများတွင် ကြွရောက်ကာ သာသနာပြုလျက်ရှိကြောင်းလည်း ဝန်ကြီးဦးကိုကိုက အသိပေးပြောဆိုထားသည်။
နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များ၌ ပညာသင်ကြားရေးဌာန (၇)မျိုးရှိပြီး ၎င်း(၇)မျိုးအနက်မှ မဟာဌာနကြီး(၃)ခုတွင်ပါဝင်သည့် ဘာသာရပ်(၄)မျိုးကို ဟောပြောမှုပုံစံဖြင့် သင်ကြားခြင်း၊ ပုံစံထုတ် ၍ရှင်းပြခြင်း၊ နိယံ၊ အဋ္ဌကထာနှင့် ဋီကာ အဆိုတို့အရ ဥပဒေသထုတ်ပြခြင်းအပါအဝင် သင်ကြားနည်း (၆)မျိုးဖြင့် မွမ်းမံသင်ကြားပေးလျက်ရှိကြောင်း သိရသည်။
၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ နောက်ပိုင်းမှစ၍ မြန်မာနိုင်ငံ၌ ပဋိပက္ခများဖြစ်ပွားခဲ့ရာ ရဟန်းသံဃာအပါး(၇ဝ)ကျော်မှာ အကြမ်းဖက်သတ်ခြင်း ခံခဲ့ရသည်။
ရဟန်းသံဃာ၊ နိုင်ငံ့ဝန်ထမ်းနှင့် အရပ်သားပြည်သူများကို အကြမ်းဖက်သတ်ဖြတ်ခြင်းမျိုး မပြုလုပ်ကြရန် နိုင်ငံရေးအသိုင်းအဝိုင်းမှ လူအချို့နှင့် သံဃာတော်အချို့မှ တောင်းဆိုမှုများရှိခဲ့သော်လည်း အများစုမှာ နှုတ်ဆိတ်နေလျက်ရှိကြသည်။
zawgyi version
သာသနာ့တကၠသိုလ္မ်ားမွ ဂုဏ္ထူးေဆာင္ဓမၼပါရဂူဘြဲ႕ရ အပါအဝင္ သံဃာအပါး (၃ဝဝဝ)ေက်ာ္ ေပၚထြန္းခဲ့ၿပီး နယ္စပ္ေဒသမ်ား၌ သာသနာျပဳလ်က္ရွိ
မ်ိဳးႀကီး (NP News) - ေဖေဖာ္ဝါရီ ၂၅
ႏိုင္ငံေတာ္ပရိယတၱိသာသနာ့တကၠသိုလ္(၂)ခုမွ ဂုဏ္ထူးေဆာင္ဓမၼပါရဂူဘြဲ႕ရ အပါအဝင္ သံဃာအပါး (၃ဝဝဝ)ေက်ာ္ ေပၚထြန္းခဲ့ၿပီး သာသနာျပဳလ်က္ရွိေၾကာင္း ဝန္ႀကီးဦးကိုကိုက ေျပာသည္။
သာသနာေရးႏွင့္ယဥ္ေက်းမႈဝန္ႀကီးဦးကိုကိုက ေဖေဖာ္ဝါရီလ ၂၄ ရက္တြင္ ရန္ကုန္ၿမိဳ႕ ကမာၻေအးကုန္း ေျမရွိ ႏိုင္ငံေတာ္ပရိယတၱိသာသနာ့တကၠသိုလ္ဘြဲ႕ႏွင္းသိမ္ဓမၼာ႐ုံ၌ က်င္းပသည့္ အစည္းအေဝးတြင္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာဆိုခဲ့ျခင္းျဖစ္သည္။
ႏိုင္ငံေတာ္သံဃမဟာနာယကအဖြဲ႕မွ ပရိယတၱိပညာေရး ေရရွည္တည္တံ့ခိုင္ၿမဲေစေရးကို ေရွးရႈကာ ႏိုင္ငံ ေတာ္ပရိယတၱိသာ သနာ့တကၠသိုလ္(၂)ခုကို တည္ေထာင္ဖြင့္လွစ္ခဲ့ရာတြင္ (၃၇)ႏွစ္တာကာလသို႔ ေရာက္ရွိခဲ့ၿပီျဖစ္ေၾကာင္း ဝန္ႀကီးကဆိုသည္။
၎တကၠသိုလ္မ်ားမွ သာသနတကၠသီလဓမၼာစရိယ (B.A) ဘြဲ႕ရ သံဃာ(၂၆၅၃)ပါး၊ သာသနတကၠသီလမဟာဓမၼာစရိယ (M.A)ဘြဲ႕ရ (၄၈၄) ပါး၊ သာသနတကၠသီလဓမၼပါရဂူ (Ph.D)ဘြဲ႕ရ (၁၄)ပါး၊ ဂုဏ္ထူး ေဆာင္ဓမၼပါရဂူ (D.Litt)ဘြဲ႕ရ (၅)ပါး စုစုေပါင္း (၃၁၅၆)ပါး ေပၚထြန္းခဲ့ေၾကာင္း ဝန္ႀကီးက ေျပာဆိုခဲ့သည္။
လက္ရွိတြင္ အဆိုပါသံဃာေတာ္မ်ားအေနျဖင့္ နယ္စပ္ႏွင့္ေတာင္တန္းေဒသမ်ားတြင္ ႂကြေရာက္ကာ သာသနာျပဳလ်က္ရွိေၾကာင္းလည္း ဝန္ႀကီးဦးကိုကိုက အသိေပးေျပာဆိုထားသည္။
ႏိုင္ငံေတာ္ပရိယတၱိသာသနာ့တကၠသိုလ္မ်ား၌ ပညာသင္ၾကားေရးဌာန (၇)မ်ိဳးရွိၿပီး ၎(၇)မ်ိဳးအနက္မွ မဟာဌာနႀကီး(၃)ခုတြင္ပါဝင္သည့္ ဘာသာရပ္(၄)မ်ိဳးကို ေဟာေျပာမႈပုံစံျဖင့္ သင္ၾကားျခင္း၊ ပုံစံထုတ္ ၍ရွင္းျပျခင္း၊ နိယံ၊ အ႒ကထာႏွင့္ ဋီကာ အဆိုတို႔အရ ဥပေဒသထုတ္ျပျခင္းအပါအဝင္ သင္ၾကားနည္း (၆)မ်ိဳးျဖင့္ မြမ္းမံသင္ၾကားေပးလ်က္ရွိေၾကာင္း သိရသည္။
၂ဝ၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလ ေနာက္ပိုင္းမွစ၍ ျမန္မာႏိုင္ငံ၌ ပဋိပကၡမ်ားျဖစ္ပြားခဲ့ရာ ရဟန္းသံဃာအပါး(၇ဝ)ေက်ာ္မွာ အၾကမ္းဖက္သတ္ျခင္း ခံခဲ့ရသည္။
ရဟန္းသံဃာ၊ ႏိုင္ငံ့ဝန္ထမ္းႏွင့္ အရပ္သားျပည္သူမ်ားကို အၾကမ္းဖက္သတ္ျဖတ္ျခင္းမ်ိဳး မျပဳလုပ္ၾကရန္ ႏိုင္ငံေရးအသိုင္းအဝိုင္းမွ လူအခ်ိဳ႕ႏွင့္ သံဃာေတာ္အခ်ိဳ႕မွ ေတာင္းဆိုမႈမ်ားရွိခဲ့ေသာ္လည္း အမ်ားစုမွာ ႏႈတ္ဆိတ္ေနလ်က္ရွိၾကသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှားနိုင်ငံက အီရန်နိုင်ငံကို တိုက်လေယာဉ်များကူညီထောက်ပံပေးဖွယ်ရှိနေဟု အမေရိကန်အစိုးရပြော
RELATED POSTS
14 Nov 2024 | ဘာသာရေး,ပြည်တွင်း
12 Nov 2024 | ဘာသာရေး,ပြည်တွင်း
20 Sep 2024 | ဘာသာရေး,ပြည်တွင်း
18 Sep 2024 | ဘာသာရေး,ပြည်တွင်း