မြန်မာ-ရုရှားဆေးဝါးကောင်စီထူထောင်ရေး နှစ်နိုင်ငံအကြား ဆွေးနွေးနေ
မျိုးကြီး (NP News) - ဖေဖော်ဝါရီ ၂၅
မြန်မာ-ရုရှားဆေးဝါးကောင်စီထူထောင်ရေး နှစ်နိုင်ငံအကြား ဆွေးနွေးညှိနှိုင်းလျက်ရှိကြောင်း နစက၏ သတင်းအချက်အလက်များအရ သိရသည်။
ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဆေးပစ္စည်းလုပ်ငန်းရှင်များနှင့် ရုရှားနိုင်ငံအခြေစိုက် “Chemrar” High-Tech Center ကုမ္ပဏီမှ တာဝန်ရှိသူများက ဖေဖော်ဝါရီ ၂၄ ရက်တွင် ဗီဒီယိုကွန့်ဖရန့်စနစ်ဖြင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါကုသရေးနှင့်ပတ်သက်သည့် ဆေးဝါးများနှင့်စစ်ဆေးသည့်စနစ်များကို မြန်မာနိုင်ငံသို့ ထောက်ပံ့ပေးရန် စီစဉ်ဆောင်ရွက်မည့်ကိစ္စရပ်များ၊ ဆေးဝါးများ မြန်မာနိုင်ငံတွင် မှတ်ပုံတင်ရရှိရေးကိစ္စရပ်ကို နှစ်ဖက်အကြား ဆွေးနွေးခဲ့ကြောင်း နစကဘက်က ဆိုထားသည်။
ထို့ပြင် ဆေးဝါးထုတ်လုပ်ရေးနှင့်ပတ်သက်သည့် နည်းပညာပိုင်းဆိုင်ရာလွှဲပြောင်းဆောင်ရွက်နိုင်မည့်ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြန်မာ-ရုရှားနှစ်နိုင်ငံမှ ဆေးဝါးထုတ်လုပ်သူ၊ ဖြန့်ဖြူးသူ၊ ဆရာဝန်၊ ဝန်ကြီးဌာနနှင့် အာဏာပိုင်အဖွဲ့အ စည်းများအကြား ဆွေးနွေးမှု မူဘောင်မှတစ်ဆင့် အပြန်အလှန်ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ရုရှား-မြန်မာဆေးဝါးကောင်စီထူထောင်နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်းလည်း နစကဘက်က ထုတ်ပြန်ထားသည်။
၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်းမှစ၍ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံကြား ဆက်ဆံရေးသည် ပိုမိုကောင်းမွန်လာခဲ့ပြီး နှစ်နိုင်ငံထိပ်ပိုင်းခေါင်းဆောင်များ၏ အပြန်အလှန်ခရီးစဉ်များမှာလည်း အများအပြားရှိခဲ့သည်။
ထို့ပြင် ရုရှားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးကိစ္စများနှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် အခြားကဏ္ဍပေါင်းစုံတွင်လည်း ပူးပေါင်းဆောင်နေကြောင်း သိရသည်။
zawgyi version
ျမန္မာ-႐ုရွားေဆးဝါးေကာင္စီထူေထာင္ေရး ႏွစ္ႏိုင္ငံအၾကား ေဆြးေႏြးေန
မ်ိဳးႀကီး (NP News) - ေဖေဖာ္ဝါရီ ၂၅
ျမန္မာ-႐ုရွားေဆးဝါးေကာင္စီထူေထာင္ေရး ႏွစ္ႏိုင္ငံအၾကား ေဆြးေႏြးညႇိႏႈိင္းလ်က္ရွိေၾကာင္း နစက၏ သတင္းအခ်က္အလက္မ်ားအရ သိရသည္။
က်န္းမာေရးဝန္ႀကီးဌာနမွ တာဝန္ရွိသူမ်ား၊ ေဆးပစၥည္းလုပ္ငန္းရွင္မ်ားႏွင့္ ႐ုရွားႏိုင္ငံအေျခစိုက္ “Chemrar” High-Tech Center ကုမၸဏီမွ တာဝန္ရွိသူမ်ားက ေဖေဖာ္ဝါရီ ၂၄ ရက္တြင္ ဗီဒီယိုကြန႔္ဖရန႔္စနစ္ျဖင့္ ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။
ကိုဗစ္-၁၉ ေရာဂါကုသေရးႏွင့္ပတ္သက္သည့္ ေဆးဝါးမ်ားႏွင့္စစ္ေဆးသည့္စနစ္မ်ားကို ျမန္မာႏိုင္ငံသို႔ ေထာက္ပံ့ေပးရန္ စီစဥ္ေဆာင္႐ြက္မည့္ကိစၥရပ္မ်ား၊ ေဆးဝါးမ်ား ျမန္မာႏိုင္ငံတြင္ မွတ္ပုံတင္ရရွိေရးကိစၥရပ္ကို ႏွစ္ဖက္အၾကား ေဆြးေႏြးခဲ့ေၾကာင္း နစကဘက္က ဆိုထားသည္။
ထို႔ျပင္ ေဆးဝါးထုတ္လုပ္ေရးႏွင့္ပတ္သက္သည့္ နည္းပညာပိုင္းဆိုင္ရာလႊဲေျပာင္းေဆာင္႐ြက္ႏိုင္မည့္ကိစၥရပ္မ်ားကိုလည္း ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။
ျမန္မာ-႐ုရွားႏွစ္ႏိုင္ငံမွ ေဆးဝါးထုတ္လုပ္သူ၊ ျဖန႔္ျဖဴးသူ၊ ဆရာဝန္၊ ဝန္ႀကီးဌာနႏွင့္ အာဏာပိုင္အဖြဲ႕အ စည္းမ်ားအၾကား ေဆြးေႏြးမႈ မူေဘာင္မွတစ္ဆင့္ အျပန္အလွန္ပူးေပါင္းေဆာင္႐ြက္ႏိုင္ရန္အတြက္ ႐ုရွား-ျမန္မာေဆးဝါးေကာင္စီထူေထာင္ႏိုင္ေရးကိစၥရပ္မ်ားကို ေဆြးေႏြးခဲ့ေၾကာင္းလည္း နစကဘက္က ထုတ္ျပန္ထားသည္။
၂ဝ၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလေနာက္ပိုင္းမွစ၍ ျမန္မာႏိုင္ငံႏွင့္ ႐ုရွားႏိုင္ငံၾကား ဆက္ဆံေရးသည္ ပိုမိုေကာင္းမြန္လာခဲ့ၿပီး ႏွစ္ႏိုင္ငံထိပ္ပိုင္းေခါင္းေဆာင္မ်ား၏ အျပန္အလွန္ခရီးစဥ္မ်ားမွာလည္း အမ်ားအျပားရွိခဲ့သည္။
ထို႔ျပင္ ႐ုရွားႏိုင္ငံအေနျဖင့္ ျမန္မာႏိုင္ငံတြင္ လွ်ပ္စစ္ဓာတ္အားထုတ္လုပ္ေရးကိစၥမ်ားႏွင့္ပတ္သက္၍ ပူးေပါင္းေဆာင္႐ြက္လ်က္ရွိသည့္အျပင္ အျခားက႑ေပါင္းစုံတြင္လည္း ပူးေပါင္းေဆာင္ေနေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး တရုတ်အစိုးရရဲ့ငြိမ်းချမ်းရေးအစီအစဉ်များကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် ပြစ်တင်ဝေဖန်
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ