Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး တရုတ်အစိုးရရဲ့ငြိမ်းချမ်းရေးအစီအစဉ်များကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် ပြစ်တင်ဝေဖန်

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၂၅

ယူကရိန်းစစ်ပွဲရလဒ်နဲ့ပတ်သက်ပြီး စေ့စပ်ဆွေးနွေးဖို့ တရုတ်ရဲ့ငြိမ်းချမ်းရေးအစီအစဉ်တွေဟာ ဆင်ခြင် တုံတရားမရှိကြောင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ဝေဖန်ပြစ်တင်လိုက်ပါတယ်။

ယူကရိန်းစစ်ပွဲအဆုံးသတ်စေဖို့ရည်ရွယ်ပြီး တရုတ်ဟာ ယူကရိန်းစစ်ပွဲ (၁)နှစ်ပြည့်နေ့ဖြစ်တဲ့ ဖေဖော်ဝါရီ လ ၂၄ ရက်မှာအချက် ၁၂ချက်ပါတဲ့ ငြိမ်းချမ်းရေးအဆိုပြုချက် ကမ်းလှမ်းမှုတွေလုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က "ကျွန်တော့်အမြင့်တော့ တရုတ်ရဲ့ငြိမ်းချမ်းရေးအစီအစဉ်တွေကို ရုရှားသမ္မတပူတင်ကတော့ ချီးကျူးနေမှာပါ။ ဘာလိုလဲဆိုရင် တရုတ်နိုင်ငံက စီစဉ်ထားတဲ့အတိုင်းလုပ်ဆောင်မယ်ဆိုရင် ရုရှားနိုင်ငံထက် အခြားဘယ်သူမှ အကျိုးကျေးဇူးဖြစ်မှာမဟုတ်ဘူး။ စစ်ပွဲရလဒ်နဲ့ပတ်သက်ပြီး စေ့စပ်ဆွေးနွေးဖို့ တရုတ်ရဲ့ငြိမ်းချမ်းရေးအဆိုပြုချက်တွေက ပြောရမယ်ဆိုရင် ယူကရိန်းအတွက် မျှတမှုမရှိဘူး။ ဆင်ခြင်တုံတရားမရှိဘူး" လို့ပြောပါတယ်။

တရုတ်နိုင်ငံက အဆိုပြုထားတဲ့ ငြိမ်းချမ်းရေးအဆိုပြုချက်တွေထဲမှာ နှစ်ဖက်စလုံးကို ပစ်ခတ်တိုက်ခိုက်မှုတွေလျော့ချဖို့ နဲ့ နျူကလီးယားလက်နက်တွေအသုံးမပြုဖို့ တိုက်တွန်းတောင်းဆိုချက်တွေလည်းပါဝင်နေပါတယ်။ ယူကရိန်းသမ္မတ ဇီလန်စကီးဟာ ရုရှားတပ်ဖွဲ့တွေကို တိုက်ထုတ်နိုင်ဖို့ တိုက်လေယာဉ်တွေကူညီပေးဖို့ တောင်းဆိုနေပေမယ့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကတော့ ယူကရိန်းကို အက်ဖ် ၁၆ တိုက်လေ ယာဉ်တွေပေးမှာမဟုတ်ဘူးလို့ ထပ်မံပြောဆိုခဲ့ပါတယ်။ တရုတ်ရဲ့ငြိမ်းချမ်းရေးအဆိုပြုချက်အစီအစဉ်ထွက်ပေါ်လာခဲ့ပြီးနောက် ယူကရိန်းသမ္မတဇီလန်စကီးဟာ တရုတ်သမ္မတရှီကျင့်ဖျင်နဲ့တွေ့ဆုံဆွေးနွေးဖို့ စီစဉ်နေတယ်လို့သတင်းများထွက်ပေါ်လာခဲ့ပါတယ်။ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဇာခါရိုဗာကတော့ တရုတ်နိုင်ငံရဲ့ ငြိမ်းချမ်းရေးအဆိုပြုချက်အစီအစဉ်ကို ကြိုဆိုလက်ခံကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။

zawgyi version






Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အမျိုးသားတစ်ဦး ပစ်သတ်ခံရမှု လောင်းလုံးမြို့နယ်တွင် ဖြစ်ပွား

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved