ဘန်ကောက်ပစ်ခတ်မှုတွင် သေဆုံး ဒဏ်ရာရသူများကို ထိုင်းအစိုးရနှင့် ရှောပင်းမောပိုင်ရှင်တို့က ဘတ်သန်းချီကူညီပေးမည်
ဂျန်ဇက် (NSS) - အောက်တိုဘာ ၇
ထိုင်း အစိုးရနှင့် ရှော့ပင်းမောပိုင်ရှင်တို့ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ရှောပင်းမောစင်တာအတွင်း ဖြစ်ပွားသောပစ်ခတ်မှုအတွင်း သေဆုံးဒဏ်ရာရသူများကို လျော်ကြေးပေးမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်သည်။
ထိုင်းအစိုးရသည်သေဆုံးသူ နှစ်ဦးအနက် တစ်ဦးကို လျော်ကြေး ထိုင်းဘတ် ၁ ဒသမ ၂ သန်းပေးမည်ဖြစ်ပြီး ရှောပင်းမော ပိုင်ရှင်ကလည်း တစ်ဦးလျှင် ထိုင်းဘတ် ၅ သန်းစီပေးမည်ဖြစ်ရာ သေဆုံးသူ မိသားစုဝင် တစ်စုသည် အနည်းဆုံးထိုင်းဘတ် ၆ သန်းကျော်ရမည်ဖြစ်သည်။
ထို့ပြင် ထိုင်းအစိုးရနှင့် ရှောပင်းမောပိုင်ရှင်တို့သည် ဒဏ်ရာရနေသူ (၅)ဦးကို တစ်ဦးလျှင် လျော်ကြေးအဖြစ် ထိုင်းဘတ် (၃)သိန်းစီကူညီပေးမည်ဖြစ်သည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၃ ရက်ကဖြစ်ပွားခဲ့သောပစ်ခတ်မှုအတွင်း မြန်မာအမျိုးသမီးတစ်ဦး၊ တရုတ်ခရီးသွား အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး ထိုင်နိုင်ငံသား ၃ဦး၊ တရုတ်နိုင်ငံသားတစ်ဦး၊ လာအိုနိုင်ငံသား တစ်ဦးတို့ ဒဏ်ရာရခဲ့သည်။ ပစ်ခတ်မှုကျူးလွန်သူသည် အသက် ၁၄ နှစ်အရွယ်ရှိ ထိုင်းလူငယ်တစ်ဦးဖြစ်ပြီး လက်ရှိအချိန်တွင်ဖမ်းဆီးထားကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။
ထို့ပြင် ထိုင်း Giffarine ကုမ္ပဏီက သေဆုံး ဒဏ်ရာရသူများအတွက် ထိုင်းအစိုးရကို ဘတ်(၁)သန်း ကူညီပေးမည်ဟု သတင်းထုတ်ပြန်ထားသည်။ ထိုင်းအစိုးရသည် ပစ်ခတ်မှုဖြစ်ပွားပြီးနောက်နိုင်ငံအတွင်း သေနတ်ပိုင်ဆိုင်မှုများကို တင်းကြပ်စွာ ကိုင်တွယ်မည်ဟု ထိုင်းဝန်ကြီးချုပ်ကပြောသည်။ ထိုင်းရဲတပ်ဖွဲ့သည် ပစ်ခတ်မှုနှင့် ဆက်နွယ်သူများ၊ ထိုင်းလူငယ်ကိုသေနတ်ရောင်းချသူများကို စုံစမ်းဖမ်းဆီးနေကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အင်ဒိုနီးရှားနိုင်ငံ၏ တောမီးအခိုးအငွေ့များကြောင့် စင်ကာပူနိုင်ငံ၏လေထုအရည်အသွေးညစ်ညမ်းခဲ့ကြောင်း စင်ကာပူသဘာဝပတ်ဝန်းကျင်အေဂျင်စီပြော
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း