အင်ဒိုနီးရှားနိုင်ငံ၏ တောမီးအခိုးအငွေ့များကြောင့် စင်ကာပူနိုင်ငံ၏လေထုအရည်အသွေးညစ်ညမ်းခဲ့ကြောင်း စင်ကာပူသဘာဝပတ်ဝန်းကျင်အေဂျင်စီပြော
Pika (NSS) - အောက်တိုဘာ ၇
အင်ဒိုနီးရှားနိုင်ငံတွင် ဖြစ်ပွားနေသော တောမီးလောင်ကျွမ်းမှုများနှင့်အတူ လေနှင့်အတူပါလာသော အခိုးအငွေ့များကြောင့် စင်ကာပူနိုင်ငံရှိ လေထုအရည်အသွေးသည် ကျန်းမာရေးနှင့်မညီညွတ်သော အဆင့်သို့ရောက်ရှိခဲ့ကြောင်း စင်ကာပူနိုင်ငံသဘာဝပတ်ဝန်းကျင်အေဂျင်စီက ပြောကြားခဲ့သည်။
ရာသီဥတုခြောက်သွေ့မှုများနှင့်အတူ အင်ဒိုနီးရှားနိုင်ငံရှိ အဓိက ကျွန်းစုများတွင် တောမီး လောင်ကျွမ်းမှုအန္တရာယ်ပိုမိုမြင့်မားလာခဲ့ပြီး ပြီးခဲ့သည့်နှစ်များအတွင်း အိမ်နီးချင်းမလေးရှားနှင့် စင်ကာပူနိုင်ငံတို့တွင် လေထုအရည်အသွေးကို ထိခိုက်စေမည့် မီးခိုးငွေ့များ နောက်တစ်ကြိမ်ထွက်ပေါ်လာမည်ကို စိုးရိမ်မှုများမြင့်တက်နေကြောင်းလည်း သိရသည်။
စင်ကာပူနိုင်ငံရှိ လေထုညစ်ညမ်းမှုစံနှုန်းညွှန်းကိန်း(PSI)သည် အောက်တိုဘာလ(၇)ရက်တွင် ကျန်းမာရေးနှင့်မညီညွတ်သော လေထုအရည်အသွေးညွှန်းကိန်း (၁၀၀)ကို ရောက်ရှိခဲ့ပြီး အရှေ့ဘက်ဆင်ခြေဖုံးရပ်ကွက်များတွင် ညွှန်းကိန်း(၁၁၁)သို့ရောက်ရှိခဲ့ကာ စင်ကာပူနိုင်ငံ၏ အလယ်ဗဟိုတွင် ညွှန်းကိန်း(၁၀၂)ထိရောက်ရှိခဲ့ကြောင်း စင်ကာပူအမျိုးသားသဘာဝပတ်ဝန်းကျင်အေဂျင်စီက ပြောကြားခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းတွင် မီးလောင်ကျွမ်းမှုအကြိမ်ရေသည်(၂၁၂)ကြိမ်ထိမြင့်တက်လာခဲ့ကြောင်း စင်ကာပူအမျိုးသားသဘာဝပတ်ဝန်းကျင်အေဂျင်စီက ပြောကြားခဲ့သည်။ အဆိုပါအေဂျင်စီက "ဂြိုလ်တုဓါတ်ပုံတွေအရ ဆူမားတြားကျွန်း တောင်ပိုင်းနဲ့ အလယ်ပိုင်းမှာ မီးခိုးငွေ့တွေကို တွေ့မြင်ခဲ့ရပါတယ်။ ပြီးတော့ မီးခိုးငွေ့တွေဟာ လေနဲ့အတူပါလာပြီး စင်ကာပူနိုင်ငံရဲ့ လေထုအရည်အသွေးက ကျန်းမာရေးနဲ့ မညီညွတ်တဲ့အဆင့်ကို ရောက်ရှိလာတာပါ။"ဟု ပြောဆိုခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံတွင် တောမီးလောင်ကျွမ်းမှုများနှင့်အတူ ထွက်ပေါ်လာသော အခိုးအငွေ့များကြောင့် မလေးရှားနိုင်ငံ၏လေထုအရည်အသွေးအပေါ် သက်ရောက်မှုများရှိခဲ့ကြောင်း မလေးရှားသဘာဝပတ်ဝန်းကျင်အေဂျင်စီ ထိပ်တန်းတာဝန်ရှိသူတစ်ဦးက ပြစ်တင်ဝေဖန်ပြောဆိုခဲ့သည်။ သို့သော်လည်း တောမီးလောင်ကျွမ်းမှုများကြောင့် ထွက်ပေါ်လာသော အခိုးအငွေ့များသည် ပင်လယ်ကိုဖြတ်ကျော်ကာ အိမ်နီးချင်းနိုင်ငံများသို့ ရောက်ရှိခြင်းမျိုးမရှိခဲ့ကြောင်း အင်ဒိုနီးရှားသဘာဝပတ်ဝန်းကျင်ဝန်ကြီးက ပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မန်ယူအသင်းသည် ဂိုးသမားအိုနာနာနေရာတွင် အစားထိုးမှုများ လုပ်ဆောင်သင့်ကြောင်းဝေဖန်ပြောဆိုမှုများရှိနေ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ