မြန်မာနိုင်ငံ၏ ခန့်မှန်းလူဦးရေမှာ (၅၆) သန်းကျော်ရှိပြီး ရန်ကုန်တိုင်းအတွင်း၌ လူဦးရေ (၉)သန်းရှိ
မျိုးကြီး (NSS) - အောက်တိုဘာ ၂
မြန်မာနိုင်ငံ၏ ခန့်မှန်းလူဦးရေစာရင်းသည် (၅၆ ဒသမ ၂ သန်း)ရှိပြီး ရန်ကုန်တိုင်းအတွင်း၌ လူဦးရေ (၉)သန်းရှိကြောင်း သတင်းရရှိသည်။
၂၀၁၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို အခြေခံကာ လက်ရှိ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁ ရက်၌ မြန်မာနိုင်ငံ၏ ခန့်မှန်းလူဦးရေစာရင်းကို နစကမှ ထုတ်ပြန်ထားသည်။
အစိုးရ နှင့် ဌာနဆိုင်ရာအဖွဲ့အစည်းအသီးသီးမှ နိုင်ငံတော်၏မူဝါဒများ၊ စီမံကိန်းများရေးဆွဲချမှတ်ရာတွင် အခြေခံအသုံးပြုနိုင်ရေးအတွက် မြန်မာနိုင်ငံ၏ နှစ်အလိုက်ခန့်မှန်းလူဦးရေစာရင်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအနေ ဖြင့် နှစ်စဉ်ထုတ်ပြန်ပေးလျက်ရှိကြောင်း သိရသည်။
ထို့ကြောင့် ယခုနှစ် အောက်တိုဘာလ ၁ ရက်တွင်ရှိသည့် မြန်မာနိုင်ငံ၏ ခန့်မှန်းလူဦးရေသည် (၅၆ ဒသမ ၂)သန်းဖြစ်ကြောင်း ဝန်ကြီးဌာနက အသိပေးထားသည်။
အဆိုပါ လူဦးရေ (၅၆ ဒသမ ၂)သန်းအနက် ရန်ကုန်တိုင်းအတွင်း၌ အမျိုးသားလူဦးရေသည် (၄ ဒသမ ၂)သန်းရှိပြီး အမျိုးသမီးလူဦးရေသည် (၄ ဒသမ ၈)သန်းရှိသည့်အတွက် စုစုပေါင်း (၉)သန်းဖြင့် လူဦးရေအများဆုံးတိုင်းဖြစ်ကြောင်း ဝန်ကြီးဌာနထံမှ သိရသည်။
ထို့ပြင် မန္တလေးတိုင်း နှင့် ရှမ်းပြည်နယ်တို့တွင်လည်း လူဦးရေ (၆ ဒသမ ၈)သန်းစီဖြင့် ဒုတိယလူဦးရေအများဆုံး ဒေသများဖြစ်ကြောင်း သိရသည်။
အလားတူ မြန်မာနိုင်ငံအတွင်းရှိ တိုင်းနှင့်ပြည်နယ်များအနက် ကယားပြည်နယ်သည် လူဦးရေ (၀ ဒသမ ၄)သန်းဖြင့် လူဦးရေအနည်းဆုံးဖြစ်ပြီး ချင်းပြည်နယ်သည်လည်း လူဦးရေ (၀ ဒသမ ၅)သန်းသာရှိကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မန္တလေး၌ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် လူနေအိမ်အချို့နှင့်အတူအခြား ထိခိုက်ပျက်စီးမှုများရှိခဲ့
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း