မန္တလေး၌ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် လူနေအိမ်အချို့နှင့်အတူအခြား ထိခိုက်ပျက်စီးမှုများရှိခဲ့
NSS - အောက်တိုဘာ ၂
မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်တွင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် လူနေအိမ်(၂)လုံးပျက်စီးသွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့(အောက်တိုဘာလ ၂ရက်)၊ နံနက် ၄နာရီ ၂၀မိနစ်အချိန်တွင် ချမ်းအေးသာစံမြို့နယ်၊ စိတ္တရမဟီရပ်ကွက်၊ ၂၆လမ်း၊ ၇၃လမ်း နှင့် ၇၄လမ်းကြားတွင်ဖြစ်ပွားခဲ့ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။
ထိုသို့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် RC(၂)ထပ်တိုက်နေအိမ်အရှေ့ဘက်ရှိ ခေါင်မိုးတွင် (၈)ပေခန့်နှင့် အဆိုပါအိမ်၏ ယာဘက်ရှိ နေအိမ်တစ်လုံး၏ခေါင်မိုး (၁၅)ပေခန့်ပျက်စီးသွားခဲ့ပြီး နေအိမ်ရှေ့ရှိ ကားတစ်စီးတွင်လည်း ထိခိုက်ပျက်စီးမှုအနည်းငယ်ရှိခဲ့ကြောင်း မန္တလေးတိုင်းအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
ထို့ပြင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ပေ(၈၀)ခန့်ရှိ လျှပ်စစ်ဓာတ်အားကြိုး(၃)ကြိုးပျက်စီးသွားခဲ့ပြီး ၎င်းပေါက်ကွဲမှုဖြစ်စဉ်အတွင်း လူထိခိုက်မှုမရှိကြောင်း သိရသည်။
အဆိုပါလက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့သည့် ဖြစ်စဉ်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးမှုများပြုလုပ်ခဲ့ရာ အခင်းဖြစ်ပွားရာနေရာမှ လက်နက်ကြီးကျည်အပိုင်းအစများတွေ့ရှိခဲ့ကြောင်း အထက်ပါတာဝန်ရှိသူက ဆက်လက်ပြောသည်။
လက်ရှိတွင် လူနေရပ်ကွက်အတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်သူများကို ဖမ်းဆီးအရေးယူနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေအတွင်း ပိတ်ဆို့ရှာဖွေခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်တွင်းနှင့်ပြည်ပက ၂၄ နာရီအတွင်းက စိတ်ဝင်စားဖွယ်သတင်းများ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း