ခုတင်(၅၀)ဆံ့ဆေးရုံအဆင့်မှစ၍ ဓာတ်ခွဲခန်း၊ ဓာတ်မှန်ခန်းများကို တိုးချဲ့အဆင့်မြှင့်တင်ပေးမည်ဟု ကျန်းမာရေးဝန်ကြီးအသိပေး
စော (NSS) - အောက်တိုဘာ ၁
နိုင်ငံအတွင်းရှိ ခုတင်(၅၀)ဆံ့ဆေးရုံ အဆင့်မှစ၍ ဓာတ်ခွဲခန်း၊ ဓာတ်မှန်ခန်းများကို တိုးချဲ့အဆင့်မြှင့်တင်ပေးမည်ဖြစ်ကြောင်း ဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။
ကျန်းမာရေးဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ယမန်နေ့ (အောက်တိုဘာလ ၁ ရက်)၌ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်ရှိ ခုတင် (၃၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် အထက်ပါကဲ့သို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် လိုအပ်သော ဆေးနှင့်ဆေးပစ္စည်းများကို ယခင်ကထက် ပိုမိုဝယ်ယူထောက်ပံ့ပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် ဝန်ကြီးဌာနများကလည်း ကျန်းမာရေးအတွက် ပြည်သူများ၏သုံးစွဲငွေ (out of pocket ecpen-diture)ကို သက်သာနိုင်စေရေးအတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိပြီး ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများ၏ ကျန်းမာရေးဝန်ဆောင်မှုများကိုလည်း စနစ်တကျဖြစ်စေရန် ကြပ်မတ်လျက်ရှိကြောင်း သိရသည်။
ဒေါက်တာသက်ခိုင်ဝင်းက တစ်နိုင်ငံလုံးရှိ ခုတင် (၅၀)ဆံ့ဆေးရုံအဆင့်မှစ၍ ဓာတ်ခွဲခန်း၊ ဓာတ်မှန်ခန်းများ နှင့် အထူးကုဘာသာရပ်ဆိုင်ရာ ဆေးကုသမှုလုပ်ငန်းများကိုလည်း တိုးချဲ့အဆင့်မြှင့်တင်သွားမည်ဖြစ်ပြီး လိုအပ်သည့် ကျန်းမာရေးလူ့စွမ်းအားအရင်းမြစ်များကို အရှိန်အဟုန်မြှင့်တင်ကာ မွေးထုတ်ပေးလျက်ရှိကြောင်း ဆက်လက်ပြောကြားခဲ့သည်။
နိုင်ငံတော်ကလည်း ကျန်းမာရေးဝန်ထမ်းများကို ထောက်ပံ့ကြေးများအပါအဝင် ဝတ်စုံစရိတ်နှင့် ပညာရှင်ကြေးများ ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုများကို ယခုထက် ပိုမိုစနစ်တကျတိုးတက်စေရေးအတွက် ဆေးနှင့်ဆေးပစ္စည်းများ၊ လူအင်အားအပြင် ဘဏ္ဍာငွေတို့ကို အကျိုးရှိထိရောက်စွာ အသုံးပြုနိုင်စေရေး နှင့် အလေအလွင့်မရှိစေရေးတို့ကို အားလုံးကြိုးပမ်းဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူကရိန်းကို ကူညီထောက်ပံ့ပေးမှုတွေကို စွန့်လွှတ်သွားမှာ မဟုတ်ကြောင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒန် ပြော
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ