ယူကရိန်းကို ကူညီထောက်ပံ့ပေးမှုတွေကို စွန့်လွှတ်သွားမှာ မဟုတ်ကြောင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒန် ပြော
ဂျန်ဇက် (NSS) – အောက်တိုဘာ ၂
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က အမေရိကန်အစိုးရဝန်ဆောင်မှုဌာနများ shutdown လုပ်ရမယ့်အခြေအနေမျိုးက ရှောင်ရှားနိုင်ခဲ့ပေမယ့် ယူကရိန်းကို ကူညီထောက်ပံ့ပေးမှုတွေကို စွန့်လွှတ်သွားမှာ မဟုတ်ကြောင်း၊ ရီပတ်ဘလီကန်ပါတီအမတ်များအနေနဲ့ ယူကရိန်းကို ကူညီထောက်ပံ့ပေးမှုတွေနဲ့ပတ်သက်ပြီး ကစားပွဲတွေ ကစားနေခြင်းကို ရပ်တန့်စေလိုကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အမေရိကန်သမ္မတက "အမေရိကန်ပြည်သူတွေ၊ ယူကရိန်းပြည်သူတွေနဲ့ အမေရိကန်နိုင်ငံရဲ့မဟာမိတ်တွေကို သိစေလိုပါတယ်။ အမေရိကန်အစိုးရဟာ ယူကရိန်းကို ကူညီထောက်ပံ့ပေးမှုတွေကို စွန့်လွှတ်သွားမှာ မဟုတ်ပါဘူး" လို့ ပြောပါတယ်။
အမေရိကန်အစိုးရရဲ့ဘတ်ဂျက်ရန်ပုံငွေအသုံးစရိတ်နဲ့ပတ်သက်ပြီး အမေရိကန်လွှတ်တော်အတွင်း ၁၁ နာရီကြာ အကြိတ်အနယ်ဆွေးနွေးခဲ့ပြီးနောက် ကာလတို ခွင့်ပြုပေးဖို့ သဘောတူညီခဲ့ကြောင်း သိရပါတယ်။ အမေရိကန် လွှတ်တော်က ခွင့်ပြုပေးလိုက်တဲ့ဘတ်ဂျက်ရန်ပုံငွေကြောင့် အမေရိကန်အစိုးရအဖွဲ့အစည်းများ shutdown လုပ်ရမယ့်အခြေအနေက လွတ်မြောက်ခဲ့ပေမယ့် ယူကရိန်းကို ကူညီထောက်ပံ့ပေးမယ့်အစီအစဉ် မပါဝင်ခဲ့ကြောင်း သိရပါတယ်။
အမေရိကန်သမ္မတက လွှတ်တော်အနေနဲ့ ယူကရိန်းကို ကူညီထောက်ပံ့ပေးမှုအသစ်တွေ ထပ်မံလုပ်ဆောင်နိုင်ဖို့ ခွင့်ပြုပေးစေလိုကြောင်း ထပ်မံတိုက်တွန်းတောင်းဆိုခဲ့ပါတယ်။ လွှတ်တော်အတွင်းရှိ ရီပတ်ဘလီကန်ပါတီအမတ် တွေနဲ့ ဒီမိုကရက်တစ်ပါတီအမတ်တွေကြား ဆွေးနွေးညှိနှိုင်းခဲ့ပြီးနောက် ကာလတိုရန်ပုံငွေ ခွင့်ပြုချက်ရရှိခဲ့ခြင်း ဖြစ်ကြောင်း၊ အဆိုပါသဘောတူညီချက်ထဲမှာ အမေရိကန်အစိုးရဌာနများ shutdown လုပ်ရမယ့် အခြေအနေကို ကျော်လွန်နိုင်ဖို့ ယူကရိန်းကို ငွေကြေးအကူအညီများပေးခြင်း မလုပ်ဖို့ သဘောတူညီခဲ့ကြောင်း သိရပါတယ်။
အမေရိကန်လွှတ်တော်အတွင်းရှိ ရီပတ်ဘလီကန်ပါတီအမတ်အများစု ယူကရိန်းကို စစ်ရေးအကူအညီများ အမေရိကန်ဒေါ်လာ ဘီလျံရာချီ ကူညီနေခြင်းကို လိုလားနှစ်သက်ခြင်းမရှိဘဲ ကန့်ကွက်နေခြင်းများ ရှိနေကြောင်း သိရပါတယ်။ အမေရိကန်သမ္မတက "နိုင်ငံရေးကစားပွဲတွေ ကစားနေတာတွေကို ရပ်တန့်သင့်တယ်။ နောက်ထပ် အကျပ်အတည်းတွေ မဖြစ်အောင်လုပ်ဆောင်သင့်တယ်" လို့ ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်းနိုင်ငံတွင်ကျင်းပမည့် BKFC Thailand5 ပွဲစဉ်ကို မြန်မာတိုက်ခိုက်ရေးသမား သပြေညို ပထမဆုံး ပါဝင်ယှဉ်ပြိုင်မည်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ