ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် စက်တင်ဘာလအတွင်း သွေးလွန်တုပ်ကွေးရောဂါကြောင့် လူ(၄ဝဝ)နီးပါး သေဆုံးခဲ့ဟုဆို
Pika (NSS) - အောက်တိုဘာ ၁
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ပြီးခဲ့သည့် စက်တင်ဘာလအတွင်း သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးသူဦးရေမှာ (၃၉၆)ဦး ရှိခဲ့ပြီး လူ(၈)သောင်းကျော်ကို ဆေးရုံတင်ခဲ့ရကြောင်း သိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် သွေးလွန်တုပ်ကွေးရောဂါကြောင့် လူသေဆုံးမှု အများဆုံးစံချိန်မှတ်တမ်းများကို ဆက်လက်ချိုးဖျက်နေပြီး ပြီးခဲ့သည့် စက်တင်ဘာလသေဆုံးမှုမှာ ၂ဝဝဝ ပြည့်နှစ် နောက်ပိုင်းကတည်းက လူသေဆုံးမှု အများဆုံး လတစ်လဖြစ်ကြောင်းလည်း သိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ပြီးခဲ့သည့် ဩဂုတ်လအတွင်း သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးသူဦးရေမှာ (၃၄၂)ဦး ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ဆောင်မှုဦးစီးဌာန DGHS ၏ ပြောကြားချက်အရ သိရသည်။
စက်တင်ဘာလ(၃ဝ)ရက်တွင် ဒါကာမြို့မှ သေဆုံးသူ(၈)ဦး အပါအဝင် သေဆုံးသူအသစ်(၁၄)ဦးရှိကြောင်း ကျန်းမာရေးအာဏာပိုင်များက သတင်းထုတ်ပြန်ခဲ့သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ၂ဝ၂၃ ခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးသူဦးရေမှာ (၉၈၉)ဦးရှိပြီး ရောဂါဖြစ်ပွားသူအရေအတွက်မှာ (၂ဝ၃၄ဝ၆) ဦး ရှိခဲ့ကာ (၂၄၂၅)ဦးကို လက်ရှိအချိန်အထိ ဆေးရုံတင်ထားရဆဲဖြစ်ကြောင်း DGHS ၏ ပြောကြားချက်အရ သိရသည်။
၂ဝ၂၃ ခုနှစ်အတွင်း သေဆုံးသူဦးရေ နှင့် ဆေးရုံတင်ရသူအရေအတွက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ၂ဝဝဝ ပြည့်နှစ်က သွေးလွန်တုပ်ကွေးရောဂါများ စတင်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အမြင့်ဆုံးကိန်းဂဏန်းဖြစ်ကြောင်းလည်း သိရသည်။ ၂ဝ၂၂ ခုနှစ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးသူ ဦးရေမှာ (၂၈၁)ဦး ရှိခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှားက ယူကရိန်းစစ်ပွဲကို နောက်ထပ် နှစ်အနည်းငယ်အထိ တိုက်ခိုက်သွားဖို့ ပြင်ဆင်နေကြောင်း ဗြိတိန်စစ်ထောက်လှမ်းရေးပြော
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ