ရုရှားက ယူကရိန်းစစ်ပွဲကို နောက်ထပ် နှစ်အနည်းငယ်အထိ တိုက်ခိုက်သွားဖို့ ပြင်ဆင်နေကြောင်း ဗြိတိန်စစ်ထောက်လှမ်းရေးပြော
ဂျန်ဇက် (NSS) - အောက်တိုဘာ ၂
ရုရှားဟာ ယူကရိန်းစစ်ပွဲကို နောက်ထပ်နှစ်အနည်းငယ်အကြာအထိ တိုက်ခိုက်ဖို့ ပြင်ဆင်နေကြောင်း ဗြိတိန်စစ်ထောက်လှမ်းရေးအဖွဲ့က သတင်းထုတ်ပြန်လိုက်ပါတယ်။
ဗြိတိန်စစ်ထောက်လှမ်းရေးအဖွဲ့ဟာ ရုရှားအစိုးရဘက်က ရရှိတဲ့လျှို့ဝှက်စာရွက်စာတမ်းများကို အခြေခံပြီး စစ်ပွဲနဲ့ပတ်သက်တဲ့ရုရှားရဲ့အစီအစဉ်တွေကို ထုတ်ဖော်လိုက်တာဖြစ်စပါတယ်။
ဗြိတိန်ထောက်လှမ်းရေးအဖွဲ့က "ရုရှားဘဏ္ဍာရေးအဖွဲ့ဆီကရရှိတဲ့ သတင်းအချက်တွေအရဆိုရင် ရုရှားဟာ လာမယ့် ၂ဝ၂၄ ခုနှစ်မှာ ကာကွယ်ရေးအသုံးစရိတ်ကို နိုင်ငံဂျီဒီပီရဲ့ ၆ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲဖို့ စီစဉ်နေတယ်။ ရုရှားကာကွယ်ရေးဝန်ကြီးဌာနဟာ ကာကွယ်ရေးအသုံးစရိတ်အဖြစ် ရူဘယ်လ် ၁ဝ ဒသမ ၈ ထရီလီယံအထိ တိုးမြှင့်တောင်းခံထားတယ်။ အဲဒီကာကွယ်ရေးအသုံးစရိတ်ဟာ ၂ဝ၂၃ ခုနှစ်ထက် ၆၈ ရာခိုင်နှုန်း တိုးလာမှာဖြစ်ပါ တယ်။ ရုရှားဟာ ၂ဝ၂၄ ခုနှစ် တစ်နှစ်လုံး ကာကွယ်ရေးအသုံးစရိတ်တွေကို ထောက်ပံ့ပေးနိုင်ဖို့ အလားအလာများ နေတယ်။ ရုရှားနိုင်ငံရဲ့စီးပွားရေးဟာ ပိုမိုကျယ်ပြန်လာဖွယ်ရှိနေပါတယ်" လို့ ပြောပါတယ်။
ရုရှားဟာ ယူကရိန်းစစ်ပွဲကို အနည်းဆုံး ၂ဝ၂၅ ခုနှစ်အထိ တိုက်ခိုက်သွားဖို့ အစီအစဉ်များရှိနေကြောင်း၊ ရုရှား ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။ ရုရှားသမ္မတရဲ့ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်ကောဗ့်က ရုရှား ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်ခြင်းဟာ မဖြစ်မနေလုပ်ဆောင်ရမယ့်ကိစ္စဖြစ်နေကြောင်း ဆိုပါတယ်။
ယူကရိန်းဟာ ရုရှားဘက်က သတိပေးမှုတွေရှိနေတဲ့ကြားကနေ အမေရိကန် ဦးဆောင်တဲ့ နေတိုးအုပ်စုထဲကို ဝင်ရောက်ဖို့ ကြိုးပမ်းလာခြင်းကြောင့် ရုရှားဟာ ယူကရိန်းကို ၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ စတင်တိုက်ခိုက်ခဲ့ပြီး ယူကရိန်းပိုင်နက် နယ်မြေလေးခုကို သိမ်းပိုက်ထားပါတယ်။
ရုရှားနဲ့ ယူကရိန်းကြားဖြစ်ပွားနေတဲ့စစ်ပွဲဟာ တစ်နှစ်ခွဲကျော်ကြာနေပေမယ့် လက်ရှိအချိန်အထိ အပစ်ခတ်ရပ်စဲနိုင်ခြင်းမရှိသေးဘဲ ဆက်လက်တိုက်ခိုက်နေဆဲဖြစ်ရာ စစ်ပွဲအချိန်ကြာလာတာနဲ့အမျှ ယူကရိန်းကို ကူညီပေးနေတဲ့ အနောက်အုပ်စုနိုင်ငံတွေ ထိခိုက်မှုတွေရှိနေကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်ပရောက် မြန်မာလုပ်သားတွေအပေါ် အခွန်ကောက်ခံမှုအပါအဝင် အခွန်စနစ်ဖြင့် နိုင်ငံတည်ဆောက်သင့်ပြီလား..? (PK Show - အပိုင်း ၂)
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ