ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ်တွင် မျက်စိနာရောဂါကူးစက်မှုကြောင့် ကျောင်းပေါင်း(၅၆ဝဝဝ)ကျော်ကို ပိတ်သွားမည်ဖြစ်ကြောင်း ပါကစ္စတန်အစိုးရပြော
Pika (NSS) - စက်တင်ဘာ ၂၈
ပါကစ္စတန်နိုင်ငံတွင် မျက်စိနှင့်ပတ်သက်သော ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို တားဆီးရန်အတွက် ပန်ဂျပ်ပြည်နယ်အတွင်းရှိ ကျောင်းပေါင်း(၅၆ဝဝဝ)ကျော်ကို ယခုသီတင်းပတ်ကုန်အထိ ပိတ်ပစ်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူ များက စက်တင်ဘာလ(၂၇)ရက်တွင် ထုတ်ပြန်ပြောကြားခဲ့သည်။
ယခုနှစ်အစောပိုင်းမှစတင်ကာ ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ်တွင် မျက်စိနာရောဂါ(၃၅၇ဝဝဝ) ကို မှတ်တမ်း တင်ခဲ့ပြီးနောက် သန်းနှင့်ချီသော ကျောင်းသားများသည် စက်တင်ဘာလ(၂၈)ရက်မှ စတင်ပြီး ၎င်းတို့နေအိမ်များ တွင်သာ နေကြရမည်ဖြစ်ကြောင်း သိရသည်။
မျက်စိနှင့်ပတ်သက်သောဗိုင်းရပ်စ်သည် လျင်မြန်စွာကူးစက်တတ်ပြီး မျက်လုံးနီခြင်း၊ ယားယံခြင်း နှင့် မျက်ရည် ထွက်ခြင်းတို့ကိုဖြစ်စေပြီး လက်ချင်းထိမိသည်ဖြစ်စေ ချောင်းဆိုးခြင်း၊ နှာချေခြင်း တို့မှလည်း ကူးစက်နိုင်ကြောင်း သိရသည်။ ပန်ဂျပ်ပြည်နယ်ပညာရေးဌာနပြောရေးဆိုခွင့်ရှိသူအမျိုးသား Zulfiqar Ali က "ကျောင်းသားတွေကို မျက်စိနာရောဂါကူးစက်မှုကနေ ကာကွယ်ဖို့အတွက် ကျောင်းတွေကို ပိတ်ထားဖို့ ထုတ်ပြန်ကြေညာခဲ့တာပဲဖြစ်ပါ တယ်။ ဒါက ပြည်နယ်အတွင်းမှာ မျက်စိနာရောဂါကူးစက်ပျံ့နှံ့မှုကို တားဆီးနိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါ တယ်" ဟု ပြောခဲ့သည်။
အောက်တိုဘာလ(၂)ရက်တွင် ကျောင်းများကို ပြန်လည်ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းသားများကို ကျောင်းဂိတ် ပေါက်ဝတွင် စစ်ဆေးမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပန်ဂျပ်ပြည်နယ်အာဏာပိုင်များက ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဘရိုက်တန်အသင်းကို အနိုင်ရရှိမှုက အသင်းကစားသမားများနှင့် ထိုက်တန်ကြောင်း ချဲလ်ဆီးနည်းပြ ဝန်ခံပြောဆို
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ