ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် လစ်လပ်နေသည့် အငယ်တန်းစားရေး ရာထူးအတွက် ဝန်ထမ်း (၁၀၀)ကျော်ခေါ်ယူ
Pearl (NP News) - စက်တင်ဘာ ၂၃
ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် လစ်လပ်လျက်ရှိသော ဒုဦးစီးမှူး နှင့် အငယ်တန်းစားရေး ရာထူးနေရာများအတွက် ဝန်ထမ်းများခေါ်ယူနေကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ယနေ့(စက်တင်ဘာလ ၂၃ ရက်)တွင် နိုင်ငံပိုင်သတင်းစာတွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် လစ်လပ်လျက်ရှိသော အငယ်တန်းစားရေး ရာထူး (၁၂၆) နေရာ နှင့် ဒုတိယဦးစီးမှူး ရာထူးနေရာများအတွက် ဝန်ထမ်းများခေါ်ယူနေကြောင်း ထုတ်ပြန်ထားသည်။
တိုင်းဒေသကြီးနှင့်ပြည်နယ်အတွင်းရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် လစ်လပ်လျက်ရှိသော အဆိုပါရာထူးများအတွက် လျှောက်ထားလိုသူများသည် တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိရန် လိုအပ်ပြီး သြဂုတ်လ ၃၁ ရက်တွင် အသက် (၃၀)နှစ်ထက်မကျော်လွန်သူဖြစ်ရန်လိုအပ်ပြီး ဝန်ထမ်းဖြစ်ပါက (၃၅)နှစ်အထက် မကျော်ရန် လိုအပ်ကြောင်းသိရသည်။
လျှောက်ထားသူများသည် လျှောက်လွှာပုံစံများကို ကော်မရှင်ရုံး၏ Website နှင့် နီးစပ်ရာရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင်လည်းရယူနိုင်ပြီး လျှောက်လွှာများကို လာမည့် စက်တင်ဘာလ ၂၅ ရက်မှ စတင်ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ လျှောက်လွှာများကို အောက်တိုဘာလ ၁၃ ရက် နောက်ဆုံးထား၍ ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရထားလမ်းကူး ဓာတ်အားလိုင်းကြိုးမြှင့်တင်ခြင်းဆောင်ရွက်မည်ဖြစ်၍ မြို့နယ်အချို့၌ ယာယီမီးပြတ်တောက်မည်ဟုဆို
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း