ချင်းတွင်းမြစ်အတွင်းတိမ်းမှောက်ခဲ့သည့် ရေယာဥ်ပေါ်မှ အရပ်သား(၆)ဦး အပါအဝင် (၁၂)ဦးမျောပါပျောက်ဆုံးနေဟုဆို
NSS - စက်တင်ဘာ ၂၁
ချင်းတွင်းမြစ်အတွင်း တိမ်းမှောက်ခဲ့သည့် ရေယာဥ်ပေါ်မှ အရပ်သား(၆)ဦး အပါအဝင် (၁၂)ဦး မျောပါပျောက်ဆုံးနေကြောင်း နစကမှ ထုတ်ပြန်ထားသည်။
နစကမှ စက်တင်ဘာလ(၂၀)ရက်၊ ညပိုင်းတွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။
တိမ်းမှောက်ခဲ့သည့် ကြယ်မင်း(၄)အမည်ရှိ ရေယာဉ်သည် စစ်ကိုင်းတိုင်း၊ ခန္တီးမြို့မှ ကုန်ပစ္စည်းများတင်ဆောင်ကာ ချင်းတွင်းမြစ်ကြောင်းအတိုင်း မောင်းနှင်လာသည့် ရေယာဥ်များအနက်မှ တစ်စင်းဖြစ်ကြောင်း နစကမှ အသိပေးထားသည်။
အဆိုပါရေယာဥ်သည် ပြီးခဲ့သည့် စက်တင်ဘာလ(၁၉)ရက် နံနက်(၉)နာရီ (၅၅)မိနစ်အချိန်ခန့်တွင် မင်းကင်းမြို့နယ်၊ ပန်းဆက်ကျေးရွာအနီးသို့ အရောက်တွင် ရေဝဲအတွင်းသို့ ရောက်ရှိကာ နစ်မြှုပ်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၎င်းဖြစ်စဥ်ကြောင့် ရေယာဥ်ပေါ်တွင် လိုက်ပါလာသည့် ကုမ္ပဏီဝန်ထမ်း သုံးဦးနှင့် အရပ်သား ခြောက်ဦး၊ လုံခြုံရေးလိုက်ပါလာသည့် လုံခြုံရေးတပ်ဖွဲ့ဝင် သုံးဦး စုစုပေါင်း(၁၂)ဦး မျောပါပျောက်ဆုံးခဲ့ကြောင်း နစကမှသိရသည်။
မျောပါပျောက်ဆုံးနေသူများအား သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ကူညီကယ်ဆယ်ရေးအဖွဲ့များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း နစကမှ ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကမ္ဘာမှာ မညီမျှမှုများဖြစ်ပွားနေခြင်းများမြင့်တက်နေပြီး ကမ္ဘာ့အချမ်းသာဆုံးလူ ၁ဝ ဦးရဲ့ကြွယ်ဝချမ်းသာမှုက ကမ္ဘာ့လူဦးရေ ၄ဝ ရာခိုင်နှုန်းရဲ့ပိုင်ဆိုင်မှုထက် ပိုများနေဟု ဘရာဇီးသမ္မတ ဝေဖန်
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း