ဗြိတိန်က အလှအပဆေးခန်းတွေမှာ ရေပန်းစားနေတဲ့ Botox လုပ်ခြင်းကို ရပ်တန့်ဖို့ စီစဉ်နေ
ရောင်နီ (NSS) - စက်တင်ဘာ ၃
ဗြိတိန်အစိုးရဟာ ထောင်နဲ့ချီတဲ့ အလှအပဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေနဲ့ပတ်သက်ပြီး တိုင်ကြားစာတွေ လက်ခံရရှိခဲ့တာကြောင့် အန္တရာယ်များတဲ့ အလှအပဆိုင်ရာ ကုသမှုတွေကို ကန့်သတ်ဖို့ Botox လုပ်ထုံးလုပ်နည်း ကို ရပ်တန့်ဖို့အပါအဝင် အစီအမံများစွာ စီစဉ်နေပါတယ်။
အသက် ၁၈ နှစ်အောက် တစ်ဦးချင်းစီကို ပစ်မှတ်ထားတဲ့ အလှကုန် လုပ်ထုံးလုပ်နည်းတွေအတွက် တီဗီနဲ့ ဆိုရှယ်မီဒီယာ ကြော်ငြာများ ပိတ်ပင်ခြင်းအပြင် အန္တရာယ်ရှိတဲ့ ဝန်ဆောင်မှုတွေအတွက် အသက်ကန့်သတ်ချက်တွေလည်း ထည့်သွင်းစဉ်းစားသွားမယ်လို့ သိရပါတယ်။ အင်္ဂလန်ရှိ အလှပြင်ကုသရေး ပညာရှင်တွေဟာ အချို့သောကုသမှုတွေ လုပ်ဆောင်ဖို့အတွက် ၎င်းတို့ရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေဆီမှာ မှတ်ပုံတင်ရမှာဖြစ်ပြီး လိုင်စင်ထုတ်ပေးဖို့လည်း အစိုးရက ထည့်သွင်းစဉ်းစားနေပါတယ်။
အဆိုပြုချက်တွေမှာ Botox၊ အရေပြားဖြည့်စွက်စာတွေနဲ့ လေဆာပစ်ခြင်း အပါအဝင် ခွဲစိတ်မှုမဟုတ်တဲ့ ကုသမှုများအားလုံး ပါဝင်ပါတယ်။ အစိုးဟာ အဆိုပါ လုပ်ထုံးလုပ်နည်းတွေနဲ့ ကြုံတွေ့ခဲ့ရတဲ့ လူနာတွေနဲ့ အလှအပဆိုင်ရာ လုပ်ငန်းတွေမှာ လုပ်ကိုင်နေသူတွေဆီက သဘောထားအမြင်တွေကို ပြီးခဲ့တဲ့နှစ် အောက်တိုဘာ လ ၂၈ ရက်ကစပြီး သီတင်းပတ် ရှစ်ပတ်ကြာ ဆွေးနွေးညှိနှိုင်းခဲ့ပြီး အခုလိုကန့်သတ်ချက်အတွက် စဉ်းစားမှုတွေ ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။
အစိုးရမှ အသိအမှတ်ပြုထားတဲ့ အလှကုန်ကျွမ်းကျင်သူများစာရင်းတစ်ခုဖြစ်တဲ့ Save Face မှာ ၂၀၂၂ ခုနှစ်အတွင်း တိုင်ကြားမှုပေါင်း ၃၀၀၀ ကျော်လက်ခံရရှိခဲ့ပြီး ၎င်းတို့အနက် သုံးပုံနှစ်ပုံဟာ အရေပြားဖြည့်စွက်ဆေးတွေနဲ့ သက်ဆိုင်နေပြီး လေးပုံတစ်ပုံဟာ Botox ထိုးခြင်းနဲ့ ပတ်သက်နေတာ တွေ့ရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အပြည်ပြည်ဆိုင်ရာ ပိုးလမ်းမမြို့တော်များ ခရီးသွားရေးမဟာမိတ်အဖွဲ့ဝင်နိုင်ငံများကို မြန်မာနိုင်ငံရှိ ခရီးစဥ်ဒေသ(၄)ခုအား လာရောက်ရန် ဖိတ်ခေါ်
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ