အပြည်ပြည်ဆိုင်ရာ ပိုးလမ်းမမြို့တော်များ ခရီးသွားရေးမဟာမိတ်အဖွဲ့ဝင်နိုင်ငံများကို မြန်မာနိုင်ငံရှိ ခရီးစဥ်ဒေသ(၄)ခုအား လာရောက်ရန် ဖိတ်ခေါ်
ယွန်း (NSS) - စက်တင်ဘာ ၃
အပြည်ပြည်ဆိုင်ရာ ပိုးလမ်းမမြို့တော်များ ခရီးသွားရေးမဟာမိတ်အဖွဲ့ဝင်နိုင်ငံများကို မြန်မာနိုင်ငံရှိ မာရဝိဇယရုပ်ပွားတော်ကြီး အပါအဝင် ခရီးစဥ်ဒေသ(၄)ခုအား လာရောက်ရန် ဖိတ်ခေါ်ခဲ့ကြောင်း သိရသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဦးသန်းထွန်းဦးက ပြီးခဲ့သည့် စက်တင်ဘာလ(၁)ရက်တွင် တရုတ်နိုင်ငံ၊ ကျင်းသကျန်းမြို့၌ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ ပိုးလမ်းမမြို့တော်များ ခရီးသွားရေးမဟာမိတ်အဖွဲ့ တည်ထောင်ခြင်း အခမ်းအနား၌ အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
မဟာမိတ်အဖွဲ့သည် ကမ္ဘာ့စီးပွားရေးကို အထောက်အကူဖြစ်စေရန် အလားအလာကောင်းများရှိနေပြီး အတူတကွပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက်ရန် မြို့တော်ဝန်က ပြောကြားခဲ့သည်။
မဟာမိတ်အဖွဲ့၏ အဖွဲ့ဝင်နိုင်ငံများနှင့် မြို့တော်များအနေဖြင့်လည်း မြန်မာနိုင်ငံနှင့် ခရီးသွားလုပ်ငန်းကဏ္ဍအပြင် အခြားသောဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၌ ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရန် ဖိတ်ခေါ်ကြောင်း ဦးသန်းထွန်းဦးက အသိပေးပြောကြားသည်။
ထို့ပြင် မြန်မာနိုင်ငံရှိ ထင်ရှားကျော်ကြားသော ခရီးစဥ်လမ်းကြောင်းများဖြစ်သည့် ပုဂံယူနက်စကိုကမ္ဘာ့အမွေအနှစ်ဒေသ၊ အင်းလေးကန်၊ နေပြည်တော်ကျောက်မျက်ခန်းမ နှင့် ကမ္ဘာ့အမြင့်ဆုံးထိုင်တော်မူ မာရဝိဇယစကျင်ဗုဒ္ဓ ရုပ်ပွားတော်စသည့် ခရီးစဥ်များကို လာရောက်လည်ပတ်ရန် ၎င်းက ဖိတ်ခေါ်ခဲ့ကြောင်း သိရသည်။
အပြည်ပြည်ဆိုင်ရာ ပိုးလမ်းမမြို့တော်များ ခရီးသွားရေးမဟာမိတ်အဖွဲ့ကို တရုတ်နိုင်ငံမှ မြို့တော်(၂၂)မြို့နှင့် နေပြည်တော် အပါအဝင် အာရှ၊ ဥရောပ၊ အာဖရိက၊ အမေရိက ဒေသများရှိ နိုင်ငံ(၂၅) နိုင်ငံမှ မြို့တော် (၃၆)မြို့မှ စုစုပေါင်းအဖွဲ့ဝင်မြို့တော် (၅၈)မြို့ဖြင့် စတင်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
အဆိုပါ ခရီးသွားရေးမဟာမိတ်အဖွဲ့သည် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးရန်နှင့် နိုင်ငံသားများ၏ လူမှုစီးပွား အခြေအနေများကို မြှင့်တင်ရန် ခရီးသွားလုပ်ငန်း၏စွမ်းအားကို အသုံးချနိုင်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
အလားတူ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား ခရီးသွားလုပ်ငန်းကဏ္ဍအပြင် အခြားသောပူပေါင်းဆောင်ရွက်မှုများအနေဖြင့် များစွာရှိနေကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်ခိုင်ဖြိုးပါတီဝန်းရံသူ(၃)ဦးကို အကြမ်းဖက်သမားများက ဖမ်းဆီးခေါ်ဆောင်ကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု မန္တလေး၌ဖြစ်ပွား
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း