ပြည်ခိုင်ဖြိုးပါတီဝန်းရံသူ(၃)ဦးကို အကြမ်းဖက်သမားများက ဖမ်းဆီးခေါ်ဆောင်ကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု မန္တလေး၌ဖြစ်ပွား
NSS - စက်တင်ဘာ ၃
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဝန်းရံသူ (၃)ဦးကို အကြမ်းဖက်သမားများက ဖမ်းဆီးခေါ်ဆောင်ကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု မန္တလေးတိုင်းအတွင်း ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
၎င်းဖြစ်စဉ်သည် ယမန်နေ့(စက်တင်ဘာလ ၂ ရက်)၊ ညနေ ၆ နာရီအချိန်ခန့်တွင် မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ထန်းတောမကျေးရွာ၌ ဖြစ်ပွားခဲ့ကြောင်း ပြည်ခိုင်ဖြိုးပါတီနှင့်နီးစပ်သူများထံမှ သိရသည်။
ထန်းတောမကျေးရွာတွင် နေထိုင်သည့် ဦးနန်းတင် (၄၅ နှစ်)၊ ဦးနန်းအောင် (၄၇ နှစ်)နှင့် ဦးအောင်ဘို (၇၀ နှစ်) တို့သည် ၎င်းတို့၏ နေအိမ်အသီးသီး၌ ရှိနေစဉ်အချိန်တွင် အကြမ်းဖက်သမား (၄)ဦးက ဆိုင်ကယ်နှစ်စီးဖြင့် လာရောက်ကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
ထိုသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် အကြမ်းဖက်သမား(၄)ဦးသည် ထန်းတောမကျေးရွာရှိ လမ်းဆုံတစ်ခုတွင် ပြည်ခိုင်ဖြိုးပါတီဝန်းရံသူများဖြစ်သော ဦးနန်းတင်၊ ဦးနန်းအောင် နှင့် ဦးအောင်ဘိုတို့ကို သေနတ်ဖြင့် အနီးကပ် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ပါတီနှင့်နီးစပ်သူများက ပြောသည်။
ထိုကဲ့သို့ ပစ်ခတ်ခံရမှုကြောင့် ပါတီဝန်းရုံသူ (၃)ဦးသည် ဦးခေါင်း၊ လည်ပင်း၊ ကျောပြင်တို့၌ ကျည်ဖောက်ဝင်ဒဏ်ရာများရရှိခဲ့ကာ နေရာ၌ပင် ဆုံးပါးသွားခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ စတင်ခဲ့သော နိုင်ငံရေးပဋိပက္ခများကြောင့် အကြမ်းဖက်မှုဖြစ်စဉ်များပေါ်ပေါက်လာခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီမှ ပါတီဝင်များ၊ ထောက်ခံသူများ၊ ဝန်းရံသူများအများအပြားသည် အကြမ်းဖက် သမားများ၏ လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပုဂံဒေသရှိ အာနန္ဒာဘုရား နှင့် ရွှေစည်းခုံဘုရား ရင်ပြင်တော်တို့တွင် ရေဝင်ရောက်မှုများဖြစ်ပွား
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း