အသက် ၃ နှစ်အရွယ် ကလေးငယ်ကို အသက်စွန့်ကယ်တင်ပေးခဲ့တဲ့ ကာဇက်စတန်အမျိုးသား
ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၅
ကာဇက်စတန်နိုင်ငံမှ အမျိုးသားတစ်ဦးဟာ အထပ်မြင့်အဆောက်အဦးရဲ့ ၈ လွှာကနေ ပြုတ်ကျလုနီးပါးဖြစ်နေတဲ့ အသက် ၃ နှစ်အရွယ် ကလေးငယ်ကို အသက်စွန့်ကယ်တင်ပေးခဲ့တယ်လို့ သိရပါတယ်။
အသက် ၃၇ နှစ်အရွယ်ရှိ Sabit Shontakbaev ဆိုသူဟာ အလုပ်သွားဖို့ အထပ်မြင့်အဆောက်အဦးနားမှ ဖြတ်သွားချိန်မှာ အသက် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦး အဆောက်အဦးပေါ်က ပြုတ်ကျတော့မယ့်အခြေအနေ ကို တွေ့မြင်ခဲ့ရတယ်လို့ သိရပါတယ်။
ကလေးငယ်ဟာ သူရဲ့မိခင်ဖြစ်သူ ဈေးသွားချိန်မှာ ခုံတွေပေါ်ကနေ ၈ လွှာအခန်းရှိ ပြတင်းပေါက်ကို တွယ်တက် ခဲ့ခြင်းဖြစ်ပြီး၊ အောက်ကို ပြုတ်ကျလုနီးပါး အခြေအနေမျိုးနဲ့ရင်ဆိုင်နေခဲ့ရတာဖြစ်ပါတယ်။ ၎င်းဟာ ပြုတ်ကျခါနီး ဖြစ်နေတဲ့ ကလေးငယ်ကို ကယ်တင်နိုင်ဖို့ အဆောက်အဦးထဲကို အလျင်အမြန် ပြေးဝင်တက်ရောက်ခဲ့ပြီး၊ ၇ လွှာရှိ အခန်းကို တံခါးခေါက်ကာ ဝင်ရောက်ခဲ့ပြီး၊ ၈ လွှာ ပြတင်းပေါက်နားမှာရှိနေတဲ့ ကလေးငယ်ကို အသက်စွန့် ကယ်တင်ဖို့ ကြိုးပမ်းခဲ့တယ်လို့ သိရပါတယ်။
၎င်းက "အဲဒီအချိန်မှာ စိတ်ထဲ ဘာမှမတွေးမိဘူး။ ကလေးငယ်ကို ကူညီပေးချင်တာပဲ သိတယ်။ ပြီးတော့ ကျွန်တော် အလုပ်သွားတယ်။ လူမှုကွန်ရက်မှာတော့ ကျွန်တော့်ကို သူရဲကောင်းလို့ ခေါ်နေကြပြီ။ ဒါပေမဲ့ ကျွန်တော်ကတော့ သူရဲကောင်းလို့ မခံယူပါဘူး။ အဲဒီလိုအခြေအနေမျိုးမှာ ဘယ်သူ့ကိုမဆို ကူညီပေးရမှာပါပဲ'' လို့ပြောပါတယ်။
ကလေးငယ်ကို အသက်စွန့်ကယ်တင်ပေးခဲ့တဲ့အတွက် Sabit Shontakbaev ဆိုသူဟာ အိပ်ခန်းသုံးခန်း ပါတဲ့ တိုက်ခန်း ချီးမြှင့်ဂုဏ်ပြုခံရတယ်လို့လည်း ဒေသခံမီဒီယာတွေ က ဖော်ပြပါတယ်။ ကလေးငယ်ကို အသက်စွန့် ကယ်တင်ခဲ့တဲ့ Sabit Shontakbaev ရဲ့ ရုပ်သံဖိုင်ဟာ လူမူကွန်ရက်မှာပျံ့နှံ့ခဲ့ပြီး လူအများချီးကျူး ပြောဆိုနေတယ်လို့လည်း သိရပါတယ်။
Zawgyi Version;
အသက္ ၃ ႏွစ္အ႐ြယ္ ကေလးငယ္ကို အသက္စြန႔္ကယ္တင္ေပးခဲ့တဲ့ ကာဇက္စတန္အမ်ိဳးသား
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၅
ကာဇက္စတန္ႏိုင္ငံမွ အမ်ိဳးသားတစ္ဦးဟာ အထပ္ျမင့္အေဆာက္အဦးရဲ႕ ၈ လႊာကေန ျပဳတ္က်လုနီးပါးျဖစ္ေနတဲ့ အသက္ ၃ ႏွစ္အ႐ြယ္ ကေလးငယ္ကို အသက္စြန႔္ကယ္တင္ေပးခဲ့တယ္လို႔ သိရပါတယ္။
အသက္ ၃၇ ႏွစ္အ႐ြယ္ရွိ Sabit Shontakbaev ဆိုသူဟာ အလုပ္သြားဖို႔ အထပ္ျမင့္အေဆာက္အဦးနားမွ ျဖတ္သြားခ်ိန္မွာ အသက္ ၃ ႏွစ္အ႐ြယ္ ကေလးငယ္တစ္ဦး အေဆာက္အဦးေပၚက ျပဳတ္က်ေတာ့မယ့္အေျခအေန ကို ေတြ႕ျမင္ခဲ့ရတယ္လို႔ သိရပါတယ္။
ကေလးငယ္ဟာ သူရဲ႕မိခင္ျဖစ္သူ ေဈးသြားခ်ိန္မွာ ခုံေတြေပၚကေန ၈ လႊာအခန္းရွိ ျပတင္းေပါက္ကို တြယ္တက္ ခဲ့ျခင္းျဖစ္ၿပီး၊ ေအာက္ကို ျပဳတ္က်လုနီးပါး အေျခအေနမ်ိဳးနဲ႔ရင္ဆိုင္ေနခဲ့ရတာျဖစ္ပါတယ္။ ၎ဟာ ျပဳတ္က်ခါနီး ျဖစ္ေနတဲ့ ကေလးငယ္ကို ကယ္တင္ႏိုင္ဖို႔ အေဆာက္အဦးထဲကို အလ်င္အျမန္ ေျပးဝင္တက္ေရာက္ခဲ့ၿပီး၊ ၇ လႊာရွိ အခန္းကို တံခါးေခါက္ကာ ဝင္ေရာက္ခဲ့ၿပီး၊ ၈ လႊာ ျပတင္းေပါက္နားမွာရွိေနတဲ့ ကေလးငယ္ကို အသက္စြန႔္ ကယ္တင္ဖို႔ ႀကိဳးပမ္းခဲ့တယ္လို႔ သိရပါတယ္။
၎က "အဲဒီအခ်ိန္မွာ စိတ္ထဲ ဘာမွမေတြးမိဘူး။ ကေလးငယ္ကို ကူညီေပးခ်င္တာပဲ သိတယ္။ ၿပီးေတာ့ ကြၽန္ေတာ္ အလုပ္သြားတယ္။ လူမႈကြန္ရက္မွာေတာ့ ကြၽန္ေတာ့္ကို သူရဲေကာင္းလို႔ ေခၚေနၾကၿပီ။ ဒါေပမဲ့ ကြၽန္ေတာ္ကေတာ့ သူရဲေကာင္းလို႔ မခံယူပါဘူး။ အဲဒီလိုအေျခအေနမ်ိဳးမွာ ဘယ္သူ႔ကိုမဆို ကူညီေပးရမွာပါပဲ'' လို႔ေျပာပါတယ္။
ကေလးငယ္ကို အသက္စြန႔္ကယ္တင္ေပးခဲ့တဲ့အတြက္ Sabit Shontakbaev ဆိုသူဟာ အိပ္ခန္းသုံးခန္း ပါတဲ့ တိုက္ခန္း ခ်ီးျမႇင့္ဂုဏ္ျပဳခံရတယ္လို႔လည္း ေဒသခံမီဒီယာေတြ က ေဖာ္ျပပါတယ္။ ကေလးငယ္ကို အသက္စြန႔္ ကယ္တင္ခဲ့တဲ့ Sabit Shontakbaev ရဲ႕ ႐ုပ္သံဖိုင္ဟာ လူမူကြန္ရက္မွာပ်ံ႕ႏွံ႔ခဲ့ၿပီး လူအမ်ားခ်ီးက်ဴး ေျပာဆိုေနတယ္လို႔လည္း သိရပါတယ္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံကို တစ်နှစ်အတွင်း ဒီမိုကရေစီလမ်းကြောင်းအပေါ် ပြန်လည်လျှောက်လှမ်းဖို့ မျှော်လင့်နေကြောင်း ဒဲရက်ချိုလက် ပြော
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း