Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မြန်မာနိုင်ငံကို တစ်နှစ်အတွင်း ဒီမိုကရေစီလမ်းကြောင်းအပေါ် ပြန်လည်လျှောက်လှမ်းဖို့ မျှော်လင့်နေကြောင်း ဒဲရက်ချိုလက် ပြော

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၅

အမေရိကန်နိုင်ငံအနေနဲ့ မြန်မာနိုငံကို  ဒီမိုကရေစီလမ်းကြောင်းအပေါ်ကို တစ်နှစ်အတွင်း ပြန်လည်လျှောက်လှမ်း တာကို တွေ့မြင်ဖို့ မျှော်လင့်နေကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့အကြံပေးဖြစ်သူ ဒဲရက်ချိုလက် က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

 ၎င်းက "ဒီအချက်ဟာ လာမယ့်လတွေမှာ မယိမ်းမယိုင်ဘဲ ကြိုးပမ်းမယ့်ကြိုးပမ်းမှုပါ။ မြန်မာနိုင်ငံကို လက်ရှိအချိန် ကနေစတင်ပြီး တစ်နှစ်အတွင်း ဒီမိုကရေစီလမ်းကြောင်းအပေါ် ပြန်လည်လျှောက်လှမ်းဖို့ အလွန်မျှော်လင့်ထား တယ်။ မြန်မာနိုင်ငံဟာ အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် တတိယနှစ်အတွင်းကို ရောက်ရှိလာပါတယ်။ မြန်မာနိုင်ငံ ကို ဒီမိုကရေစီလမ်းကြောင်းအပေါ် ပြန်လည်လျှောက်လှမ်းဖို့ မျှော်လင့်နေတယ်။ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ထားရှိ တဲ့ ကျွန်တော်တို့ရဲ့အဓိကရည်မှန်းချက်က လက်ရှိဖြစ်နေတဲ့ပြဿနာတွေ အဆုံးသတ်စေမယ့် အခြေအနေကောင်း တွေ တိုးမြှင့်ဖန်တီးပေးနိုင်ဖို့ ဖြစ်တယ်။ အာလုံးပါဝင်ပြီး ကိုယ်စားပြုခွင့်ရမယ့် ပါတီစုံဒီမိုကရေစီစနစ်လမ်းကြောင်း ကိုပြန်သွားဖို့ အဓိကအရေကြီးတယ်။ ကျွန်တော်တို့ဟာ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်ထားရမယ်" လို့ ပြောပါတယ်။

၎င်းက မြန်မာနိုင်ငံရေးဟာ အမေရိကန်ရဲ့နိုင်ငံခြားရေးမူဝါဒ အစီအစဉ်တွေထဲမှာ အဓိက အရေကြီးဆုံးကိစ္စအဖြစ် မရှိပေမယ့်လည်း အမေရိကန်ဟာ မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းအပေါ် ပြန်လည်ရောက်ရှိအောင် ကူညီပေးဖို့ နဲ့ မြန်မာပြည်သူတွေအတွက် အာရုံစိုက်မှုတွေ ဆက်လက်ရှိနေဆဲဖြစ်ကြောင်း ပြောပါတယ်။ 

မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အမေရိကန်အစိုးရဟာ နစကတာဝန်ရှိသူများ၊ နစကနဲ့ နီးစပ်တဲ့ စီးပွားရေးလုပ်ငန်းများ အပါအဝင် လူပုဂ္ဂိုလ်ပေါင်း ၈ဝ ဦးနဲ့ အဖွဲ့အစည်းလုပ်ငန်းပေါင်း ၃၂ ခုကို ပစ်မှတ်ထား ပိတ်ဆို့မှုချမှတ်ထားတယ်လို့ သိရပါတယ်။ 

ဒဲရက်စ် ချိုလက် က "ကျွန်တော်တို့ အမေရိကန်ဟာ သြစတြေးလျ၊ ဗြိတိန်၊ ကနေဒါတို့ အပါအဝင် မိတ်ဖက်နိုင်ငံ တွေနဲ့အတူ မြန်မာပြည်သူတွေနဲ့အတူ တစ်သားတည်းလည်း ရှိနေပါတယ်။ ဒီမိုကရေစီအရေးလှုပ်ရှားသူများကို ကူညီထောက်ပံ့ပေးသွားမှာပါ" လို့ ပြောပါတယ်။  

ဒဲရက်ချိုလက်ဟာ လာမယ့် ဖေဖော်ဝါရီ ၁၄ ရက် နဲ့ ၁၅ ရက်တို့မှာ ဘင်္ဂလားဒေရှ့်နိုင်ငံကို ချစ်ကြည်ရေးခရီး သွားရောက်မှာဖြစ်ပြီး၊ ဝန်ကြီးချုပ် ရှိတ်ဟာစီနာ အပါအဝင် ဘင်္ဂလားဒေရှ့်အစိုးရအဖွဲ့ တာဝန်ရှိသူများနဲ့ တွေ့ဆုံဆွေးနွေးမှာဖြစ်တယ်လို့ သိရပါတယ်။

Zawgyi Version; 









Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

နိုင်ငံအား ပုံမှန်အခြေအနေသို့ ရောက်စေလိုပါက နိုင်ငံတကာအနေဖြင့် မြန်မာအစိုးရ၏ ကြိုးပမ်းမှုအပေါ် အသိအမှတ်ပြုရန်လိုဟုဆို

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved