Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
နိုင်ငံအား ပုံမှန်အခြေအနေသို့ ရောက်စေလိုပါက နိုင်ငံတကာအနေဖြင့် မြန်မာအစိုးရ၏ ကြိုးပမ်းမှုအပေါ် အသိအမှတ်ပြုရန်လိုဟုဆို

မျိုးကြီး (NP News) - ဖေဖော်ဝါရီ ၅

မြန်မာနိုင်ငံအား ပုံမှန်အခြေအနေသို့ ရောက်ရှိစေလိုပါက နိုင်ငံအချို့နှင့် ကုလ သမဂ္ဂတာဝန်ရှိသူအချို့အနေဖြင့် မြန်မာအစိုးရ၏ ကြိုးပမ်းမှုအပေါ် အသိအမှတ်ပြုရန်လိုအပ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။

နစကသက်တမ်း(၂)နှစ်ပြည့်နေ့၌ နိုင်ငံအချို့နှင့်ကုလသမဂ္ဂတာဝန်ရှိသူအချို့၏ သတင်းထုတ်ပြန်ချက်များအပေါ် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြန်လည်တုံ့ပြန်ရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုထားခြင်းဖြစ်သည်။

၎င်းတို့၏ ထုတ်ပြန်ပြောဆိုချက်များသည် အပြုသဘောမဆောင်ဘဲ မြန်မာနိုင်ငံ၌ ဖြစ်ပေါ်နေသည့် အကြမ်းဖက်မှုများနှင့်ပတ်သက်၍လည်း ကျူးလွန်သူများကို ထုတ် ဖော်ပြောဆိုခြင်းမရှိသည့်အပြင် ရင်ဆိုင်ဖြေရှင်းနေသည့်အစိုးရအပေါ် အပြစ်တင်နေခြင်းသာဖြစ်ကြောင်း ဝန်ကြီးဌာနက တုံ့ပြန်ထားသည်။

လက်ရှိတွင် အကြမ်းဖက်သမားများ၏ လုပ်ရပ်ကြောင့် အပြစ်မဲ့ပြည်သူ (၅ဝဝဝ) ကျော် အသက်ဆုံးရှုံးခဲ့ရပြီးဖြစ်ကြောင်း သိရသည်။

နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အကြမ်းဖက်မှုများနှင့်အဖျက်အမှောင့်လုပ်ရပ်များ ပိုမိုအားကောင်းလာစေမည့် ထုတ်ပြန်မှုများကို ပြုလုပ်နေမည့်အစား ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်ရေးအတွက် အစိုးရမှဆောင်ရွက်နေသည့် ကြိုးပမ်းအားထုတ်မှုများကို အပြုသဘောအထောက်အကူပြုသင့်ကြောင်းလည်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။

ထို့ပြင် မြန်မာနိုင်ငံကို ပုံမှန်အခြေအနေသို့ ရောက်ရှိစေလိုပါက မြန်မာအစိုးရမှရှေ့ ဆက်ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်ကို အကောင်အထည်ဖော်ခြင်းမှတစ် ဆင့် အေးချမ်းတည်ငြိမ်ရေးနှင့် ဒီမိုကရေစီဖြစ်ထွန်းရေး ကြိုးပမ်းဆောင်ရွက်မှုအ ပေါ် အသိအမှတ်ပြုရန်လိုအပ်ကြောင်း ဝန်ကြီးဌာနက တိုက်တွန်းထားသည်။

ထို့ကြောင့် ကုလသမဂ္ဂ၏ရည်ရွယ်ချက်နှင့် အခြေခံမူများကို လိုက်နာရန်ပျက်ကွက်ပြီး ပြည်တွင်းရေးကို စွက်ဖက်နေသည့် နိုင်ငံအချို့နှင့်လုပ်ပိုင်ခွင့်ကို ကျော်လွန်လုပ် ဆောင်နေသည့် ကုလသမဂ္ဂမှတာဝန်ရှိသူအချို့၏ ပြောဆိုထုတ်ပြန်ချက်များကို မြန်မာနိုင်ငံက ပြတ်သားစွာကန့်ကွက်ပယ်ချသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက တုံ့ပြန်ထားသည်။

zawgyi version

ႏိုင္ငံအား ပုံမွန္အေျခအေနသို႔ ေရာက္ေစလိုပါက ႏိုင္ငံတကာအေနျဖင့္ ျမန္မာအစိုးရ၏ ႀကိဳးပမ္းမႈအေပၚ အသိအမွတ္ျပဳရန္လိုဟုဆို

မ်ိဳးႀကီး (NP News) - ေဖေဖာ္ဝါရီ ၅

ျမန္မာႏိုင္ငံအား ပုံမွန္အေျခအေနသို႔ ေရာက္ရွိေစလိုပါက ႏိုင္ငံအခ်ိဳ႕ႏွင့္ ကုလ သမဂၢတာဝန္ရွိသူအခ်ိဳ႕အေနျဖင့္ ျမန္မာအစိုးရ၏ ႀကိဳးပမ္းမႈအေပၚ အသိအမွတ္ျပဳရန္လိုအပ္ေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ဆိုသည္။

နစကသက္တမ္း(၂)ႏွစ္ျပည့္ေန႔၌ ႏိုင္ငံအခ်ိဳ႕ႏွင့္ကုလသမဂၢတာဝန္ရွိသူအခ်ိဳ႕၏ သတင္းထုတ္ျပန္ခ်က္မ်ားအေပၚ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ျပန္လည္တုံ႔ျပန္ရာတြင္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာဆိုထားျခင္းျဖစ္သည္။

၎တို႔၏ ထုတ္ျပန္ေျပာဆိုခ်က္မ်ားသည္ အျပဳသေဘာမေဆာင္ဘဲ ျမန္မာႏိုင္ငံ၌ ျဖစ္ေပၚေနသည့္ အၾကမ္းဖက္မႈမ်ားႏွင့္ပတ္သက္၍လည္း က်ဴးလြန္သူမ်ားကို ထုတ္ ေဖာ္ေျပာဆိုျခင္းမရွိသည့္အျပင္ ရင္ဆိုင္ေျဖရွင္းေနသည့္အစိုးရအေပၚ အျပစ္တင္ေနျခင္းသာျဖစ္ေၾကာင္း ဝန္ႀကီးဌာနက တုံ႔ျပန္ထားသည္။

လက္ရွိတြင္ အၾကမ္းဖက္သမားမ်ား၏ လုပ္ရပ္ေၾကာင့္ အျပစ္မဲ့ျပည္သူ (၅ဝဝဝ) ေက်ာ္ အသက္ဆုံးရႈံးခဲ့ရၿပီးျဖစ္ေၾကာင္း သိရသည္။

ႏိုင္ငံတကာအသိုက္အဝန္းအေနျဖင့္ အၾကမ္းဖက္မႈမ်ားႏွင့္အဖ်က္အေမွာင့္လုပ္ရပ္မ်ား ပိုမိုအားေကာင္းလာေစမည့္ ထုတ္ျပန္မႈမ်ားကို ျပဳလုပ္ေနမည့္အစား ဒီမိုကေရစီလမ္းေၾကာင္းေပၚ ေလွ်ာက္လွမ္းႏိုင္ေရးအတြက္ အစိုးရမွေဆာင္႐ြက္ေနသည့္ ႀကိဳးပမ္းအားထုတ္မႈမ်ားကို အျပဳသေဘာအေထာက္အကူျပဳသင့္ေၾကာင္းလည္း ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ဆိုသည္။

ထို႔ျပင္ ျမန္မာႏိုင္ငံကို ပုံမွန္အေျခအေနသို႔ ေရာက္ရွိေစလိုပါက ျမန္မာအစိုးရမွေရွ႕ ဆက္ေဆာင္႐ြက္မည့္ ေရွ႕လုပ္ငန္းစဥ္(၅)ရပ္ကို အေကာင္အထည္ေဖာ္ျခင္းမွတစ္ ဆင့္ ေအးခ်မ္းတည္ၿငိမ္ေရးႏွင့္ ဒီမိုကေရစီျဖစ္ထြန္းေရး ႀကိဳးပမ္းေဆာင္႐ြက္မႈအ ေပၚ အသိအမွတ္ျပဳရန္လိုအပ္ေၾကာင္း ဝန္ႀကီးဌာနက တိုက္တြန္းထားသည္။

ထို႔ေၾကာင့္ ကုလသမဂၢ၏ရည္႐ြယ္ခ်က္ႏွင့္ အေျခခံမူမ်ားကို လိုက္နာရန္ပ်က္ကြက္ၿပီး ျပည္တြင္းေရးကို စြက္ဖက္ေနသည့္ ႏိုင္ငံအခ်ိဳ႕ႏွင့္လုပ္ပိုင္ခြင့္ကို ေက်ာ္လြန္လုပ္ ေဆာင္ေနသည့္ ကုလသမဂၢမွတာဝန္ရွိသူအခ်ိဳ႕၏ ေျပာဆိုထုတ္ျပန္ခ်က္မ်ားကို ျမန္မာႏိုင္ငံက ျပတ္သားစြာကန႔္ကြက္ပယ္ခ်သည္ဟု ႏိုင္ငံျခားေရးဝန္ႀကီးဌာနက တုံ႔ျပန္ထားသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မြန်မာ-ရုရှား ငပလီကမ်းခြေအိမ်ရာစီမံကိန်း စတင်နိုင်ရန်အတွက် နှစ်နိုင်ငံ MoU စာချုပ်လက်မှတ်ရေထိုး

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved