မာရဝိဇယဗုဒ္ဓရုပ်ပွားတော်သို့ လာရောက်ဖူးမြော်မည့် ဘုရားဖူးများအားလုံးကို အခမဲ့ဝင်ရောက်ဖူးမြော်ခွင့်ပြုမည်ဟု နစက ပြန်လည်အသိပေး
ယွန်း (NSS) - စက်တင်ဘာ ၁
ဘုရားဖူးပြည်သူများ အသက်သာဆုံးဖြစ်ရေးအတွက် မာရဝိဇယဘုရားကြီးသို့ ဝင်ရောက်သူအားလုံးကို အခမဲ့ ဝင်ရောက်ခွင့်ပေးမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက အသိပေးပြောကြားထားသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သြဂုတ်လ(၃၁)ရက်တွင် မာရဝိဇယ ဗုဒ္ဓဥယျာဥ်တော်အတွင်းရှိ ဂေါပကရုံးအဖွဲ့ရုံး၌ ကျင်းပသည့် မာရဝိဇယရုပ်ပွားတော်ကြီးနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းတွင် အထက်ပါကဲ့သို့ပြောခဲ့ခြင်းဖြစ်သည်။
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်ကြီးအား ယခင်က စက်တင်ဘာ(၃)ရက်အထိသာ အခမဲ့ဖူးမြော်ခွင့်ပေးမည်ဖြစ်ပြီး စက်တင်ဘာ(၃)ရက်နောက်ပိုင်းမှ စတင်၍ အခကြေးငွေကောက်ခံသွားမည်ဖြစ်ကြောင်း နစကမှ ထုတ်ပြန်ထား သည်။
သို့သော် ဘုရားဖူးလာပြည်သူများ အသက်သာဆုံးဖြစ်စေရေးအတွက် ဝင်ရောက်သူအားလုံးကို အခမဲ့ဝင်ရောက်ခွင့် ပေးရန် နစကဥက္ကဋ္ဌက အသိပေးပြောကြားခဲ့သည်။
ထိုသို့ ဝင်ရောက်ဖူးမြော်ခွင့်ပြုရာတွင် ပထမသုံးလတာကာလအတွင်း စမ်းသပ်ကာလအဖြစ် အမြဲတမ်းစည်းကမ်း သတ်မှတ်ချက်များ ထုတ်ပြန်ခြင်းမပြုဘဲ ယာယီစည်းကမ်းသတ်မှတ်ချက်များဖြင့်သာ ဆောင်ရွက်သွားရန် ၎င်းက ဆက်လက်ပြောကြားထားသည်။
ဘုရားဖူးပြည်သူများအား အခမဲ့ဝင်ရောက်ခွင့်ပြုသွားမည်ဖြစ်သော်လည်း ကင်မရာပါသည့် ဖုန်း၊ အခြားဗီဒီယို မှတ်တမ်းများ ရိုက်ကူးခြင်းနှင့် အပျော်တမ်းကင်မရာရိုက်ကူးခြင်းများကိုသာ ထိုက်သင့်သည့်နှုန်းဖြင့် ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဘုရားကြီးဝင်းအတွင်း ကားပါကင်သို့ ကိုယ်ပိုင်ယာဥ်ငယ်များကိုသာ ဝင်ရောက်ခွင့်ပြုမည်ဖြစ်ပြီး ယာဥ်ရပ်နားခကိုလည်း ထိုက်သင့်သည့် ရပ်နားခနှုန်းထားများအတိုင်း ကောက်ခံရန် နစကဥက္ကဋ္ဌ က အသိပေးပြောသည်။
မာရဝိဇယရုပ်ပွားတော်ကြီးအား သြဂုတ်လ(၈)ရက်တွင် စတင်၍ အခမဲ့ဖူးမြော်ခွင့်ပေးခဲ့ပြီး သြဂုတ်လ(၃၀)ရက် အထိ ရဟန်းသံဃာများနှင့် သီလရှင်များ အပါအဝင် စုစုပေါင်း (၃၃၈၁၁ဝ)ဦး လာရောက်ဖူးမြော်ကြည်ညိုခဲ့ကြောင်း သိရသည်။
ယခင်က ဝင်ကြေးနှုန်းထားအား ကလေး/လူကြီးတစ်ဦးလျှင် (၁ဝဝဝ)ကျပ် သတ်မှတ်ထားပြီး နိုင်ငံခြားသားတစ်ဦး လျှင် အမေရိကန်ဒေါ်လာ(၁ဝ)ဒေါ်လာနှုန်းဖြင့် နစကမှ သတ်မှတ်ထားခဲ့သည်။
လာရောက်ဖူးမြော်သူများအနက်မှ ရဟန်း၊ သံဃာ၊ သီလရှင်များ၊ ကျောင်းအစီအစဥ်ဖြင့်လာရောက်သည့် ကျောင်းသား၊ ကျောင်းသူများကို အခမဲ့ဖူးမြော်ခွင့်နှင့် ဝန်ထမ်းများအား ဝန်ထမ်းကတ်ဖြင့် ၅ဝ ရာခိုင်နှုန်းလျှော့ချ ကောက်ခံရန် ထုတ်ပြန်ထားသော်လည်း လက်ရှိတွင် ဘုရားဖူးအားလုံးကို အခမဲ့ဖူးမြော်ခွင့်ပေးမည်ဖြစ်ကြောင်း သိရသည်။
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်အား အနေကဇာတင်ခြင်း၊ ကျောက်စာရုံစေတီများအား ထီးတော်တင်လှူခြင်းအခမ်းအနားများကို ပြီးခဲ့သော သြဂုတ်လ ၁ ရက်တွင် ကျင်းပခဲ့ပြီးနောက် သြဂုတ်လ ၈ ရက်တွင် ပြည်သူများအား စတင်ဖူးမြော်ခွင့်ပြုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၂၄ နာရီအတွင်းဖြစ်ပွားခဲ့သော ပြည်တွင်းနှင့်ပြည်ပက သတင်းများအား စုစည်းတင်ဆက်ခြင်း
RELATED POSTS
14 Nov 2024 | ဘာသာရေး,ပြည်တွင်း
12 Nov 2024 | ဘာသာရေး,ပြည်တွင်း
20 Sep 2024 | ဘာသာရေး,ပြည်တွင်း
18 Sep 2024 | ဘာသာရေး,ပြည်တွင်း