မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံးတွင် လစ်လပ်လျက်ရှိသော ဦးစီးအရာရှိ ရာထူးများခေါ်ယူ
စော(NSS) - ဩဂုတ်လ ၃၁
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်တွင် လစ်လပ်လျက်ရှိသော ဦးစီးအရာရှိ ရာထူးများနှင့် အငယ်တန်းစာရေးရာထူးများခေါ်ယူလျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်(ရုံးချုပ်)မှ ယနေ့(ဩဂုတ်လ ၃၁ ရက်)ထုတ် နိုင်ငံပိုင်သတင်းစာများတွင် အထက်ပါကဲ့သို့အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
အဆိုပါထုတ်ပြန်ချက်အရ ဦးစီးအရာရှိရာထူး (၅)နေရာနှင့် အငယ်တန်းစာရေးရာထူး (၁၀)နေရာတို့ကို ခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
လျှောက်ထားလိုသူများသည် ဦးစီးအရာရှိရာထူးအတွက် စက်တင်ဘာလကုန်တွင် အသက် (၃၅)နှစ်ထက်မကျော်လွန်သူဖြစ်ရန်လိုပြီး အငယ်တန်းစာရေးရာထူးအတွက် စက်တင်ဘာလကုန်တွင် အသက်(၃၀)နှစ်ထက်မကျော်လွန်သူဖြစ်ရန်လိုကြောင်း သိရသည်။
ထိုပြင်လျှောက်ထားသူများအနေဖြင့် အင်္ဂလိပ် အရေး၊အဖတ်၊ အပြော ကျွမ်းကျင်သူ ဦးစားပေးမည်ဖြစ်ကာ တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိရန်လိုအပ်ပြီး ကွန်ပျူတာကျွမ်းကျင်ရန် လိုအပ်ကြောင်း သိရသည်။
အဆိုပါ ရာထူးနေရာကို နိုင်ငံ့ဝန်ထမ်းများလျှောက်ထားပါက သက်ဆိုင်ရာ ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူး၏ ခွင့်ပြုချက်ဖြင့် လျှောက်ထားရမည့်အပြင် ရွေးချယ်ခြင်းခံရပါက နိုင်ငံဝန်ထမ်းအဖြစ်မှ နုတ်ထွက်ပြီးမှသာ ခန့်ထားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
ဦးစီးအရာရှိရာထူးအား လျှောက်ထားသူများသည် ရေဖြေစာမေးပွဲအပြင် လူတွေ့စစ်ဆေးခြင်းနှင့် ကွန်ပျူတာလက်တွေ့စစ်ဆေးခြင်းများ ဖြေဆိုရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ထို့ပြင် အငယ်တန်းစာရေးရာထူး လျှောက်ထားသူများအနေဖြင့် လူတွေ့စစ်ဆေးခြင်းနှင့် ကွန်ပျူတာလက်တွေ့စစ်ဆေးခြင်းများ ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။
လျှောက်လွှာများကို ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ အမှတ် (၂၇)၊မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် (ရုံးချုပ်)၊ ညွှန်ကြားရေးမှူးချုပ်ထံ လိပ်မူ၍ လူကိုယ်တိုင် သို့မဟုတ် အမြန်ချောစာပို့စနစ်ဖြင့် စက်တင်ဘာလ လကုန်နောက်ဆုံးထားကာ ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂါဘွန်သမ္မတကို နေအိမ်အကျယ်ချုပ်ချထားကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင်များပြော
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း