ပြင်ဦးလွင်မြို့ ပွဲကောက်ရေတံခွန်သို့ အလည်လာရောက်သည့်အဖွဲ့ ပဒူတုပ်ခံရ၍ (၂)ဦး စိုးရိမ်ရ
သန့်ဇင် (NSS) - ဩဂုတ် ၃၁
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ ပွဲကောက်ရေတံခွန်သို့ အလည်လာရောက်သည့် ဆောက်လုပ်ရေးအဖွဲ့ ပဒူတုပ်ခံရမှုကြောင့် အမျိုးသားတစ်ဦး နှင့် အမျိုးသမီးတစ်ဦး စိုးရိမ်ဖွယ်အခြေအနေရှိကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့(ဩဂုတ်လ ၃၁ ရက်)၊ မွန်းလွဲ ၁၂နာရီခွဲအချိန်တွင် ပြင်ဦးလွင်မြို့၊ အမှတ်(၅)နယ်မြေ၊ ပွဲကောက်ရေတံခွန် အဆင်းလမ်းတွင် ဖြစ်ပွားခဲ့ကြောင်း သန္တိသုခ အခမဲ့လူမှုကူညီရေးအသင်းထံမှ သိရသည်။
“ပွဲကောက်ကို သွားတဲ့လမ်းပေါ်မှာဖြစ်တာပါ။ အလည်လာရင်းနဲ့ဖြစ်တာဗျ။ အဲဒီနားမှာ သုံးဘီးဂိတ်ရှိတယ်ပေါ့နော်။ အဲဒီနားမှာ လမ်းလျှောက်နေရင်းနဲ့ ဖြစ်တာပေါ့” ဟု သန္တသုခအခမဲ့လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
ပဒူတုပ်ခံရသည့်အဖွဲ့သည် အမျိုးသား(၅)ဦးနှင့် အမျိုးသမီးတစ်ဦးပါဝင်သော ဆောက်လုပ်ရေးအဖွဲ့ဖြစ်ပြီး ပဒူတုပ်ခံရမှုကြောင့် အမျိုးသားတစ်ဦး နှင့် အမျိုးသမီးတစ်ဦးသည် အနည်းငယ်စိုးရိမ်ဖွယ်ရှိကြောင်း သိရသည်။
“သူတို့ကစုစုပေါင်း(၆)ယောက်ပေါ့နော်။ အကုန်လုံးတော့ ဆေးရုံပို့ထားရတယ်။ အဲဒီထဲက နှစ်ယောက်ကတော့ အတုပ်ခံရတာ နည်းနည်းလေးများတာပေါ့နော်” ဟု ၎င်းကဆက်လက်ပြောသည်။
အဆိုပါအဖွဲ့အား သန္တိသုခအခမဲ့လူမှုကူညီရေးအသင်းမှ ပြင်ဦးလွင်မြို့ပြည်သူ့ဆေးရုံသို့ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် နိုင်ငံခြားသုံးငွေရောင်းချမှု ဆောင်ရွက်နေသူများကို ဖော်ထုတ်အရေးယူနေဟု ဗဟိုဘဏ်အသိပေး
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း