Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဟင်္သာတမြို့နယ်ရှိ ဒေသခံ(၁၀၀၀)ကျော် ကမ်းပြိုမှုနှင့်သဘာဝဘေးအန္တရာယ်ကို ရင်ဆိုင်နေရပြီး အမိုးအကာနှင့် အဝတ်အထည်များ ဦးစားပေးလိုအပ်နေ

NSS - သြဂုတ် ၃၁

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်ရှိ ကျေးရွာ(၄)ရွာမှ ဒေသခံ(၁၀၀၀)ကျော် ကမ်းပြိုမှုနှင့် ဧရာဝတီမြစ်ရေမြင့်တက်မှုတို့ကြောင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေရကြောင်း ဟင်္သာတခရိုင်ပရဟိတကွန်ရက်အဖွဲ့မှ သတင်းရရှိသည်။


အဆိုပါ ဒေသခံများသည် ပြီးခဲ့သည့် သြဂုတ်လ(၂၁)ရက်မှစတင်ကာ မြစ်ကမ်းပါးပြိုကျခြင်းနှင့် မြစ်ရေမြင့်တက်မှုများကြောင့် ဘေးလွတ်ရာသို့ရွှေ့ပြာင်းခဲ့ရခြင်းဖြစ်ပြီး ၎င်းတို့အား ပရဟိတအသင်းများမှ ကူညီကယ်ဆယ်မှုများဆောင်ရွက်ကာ ယာယီရွက်ဖျင်တဲများ ဆောက်လုပ်၍ နေထိုင်လျက်ရှိကြောင်း သိရသည်။

၎င်းသဘာဝဘေးအန္တရာယ်ကြောင့် ဟင်္သာတခရိုင်၊ အိပ်ပျက်ကျေးရွာအုပ်စုရှိ ဖောင်ဆိပ်၊ တာငုတ်၊ ငှက်ပျောတောနှင့် အုန်းတောစသည့် ကျေးရွာ(၄)ရွာရှိ အိမ်ခြေစုစု‌ပေါင်း(၂၉၀)လုံးမှ လူဦးရေ (၁၀၄၀) ကျော်ကို ရေဘေးနှင့် ကမ်းပြိုလွတ်ရာသို့ ရွှေ့ပြောင်းထားကြောင်း ဟင်္သာတခရိုင်ပရဟိတကွန်ရက်မှ ဆိုသည်။


"ရွာ(၄)ရွာက ဒေသခံတွေက ဘေးဒုက္ခကြုံတွေ့တာမျိုးရှိနေတာပါ။ ဧရာဝတီမြစ်ရေတိုက်စားပြီး ကမ်းပြိုလာတော့ ကမ်းပြိုတဲ့နောက်ကို အိမ်တွေ ပါမသွားဖို့ ကြိုပြီးပြောင်းရတာက(၆၂)အိမ်။ ကမ်းတွေပြို ရင် တာတမံတွေထပ်ပြီး‌တော့ မကျိုးပေါက်အောင်လို့ တာဝိုင်းထဲကို ရေသွင်းတာပေါ့။ ရေတွေတက်လာလို့ ရေအားနဲ့တွန်းဝင်ရင် အိမ်ခြေထိခိုက်တာတွေမရှိအောင်လို့ တာဝိုင်းထဲကိုရေသွင်းတယ်။ အဲဒီလို လုပ်ထားတော့ တကယ်လို့တမံတွေကျိုးခဲ့ရင်တောင်မှ ရေစောင့်မဝင်တဲ့အတွက် အိမ်တွေထိခိုက်မှုမများအောင် တာဝိုင်းထဲကအိမ်ခြေ(၂၀၀)ကျော်ကို ရွှေ့ပြောင်းပေးရတာပေါ့" ဟု ဟင်္သာတခရိုင်ပရဟိတ အသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။

အဆိုပါ ဒေသခံများအတွက် လက်ရှိတွင် အမိုးအကာများနှင့် အဝတ်အထည်များဦးစားပေးအနေဖြင့် လိုအပ်လျက်ရှိပြီး စားနပ်ရိက္ခာများကို ဒေသတွင်းရှိအဖွဲ့အစည်းများနှင့် အလှူရှင်များမှ လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။

အိပ်ပျက်ကျေးရွာအုပ်စုရှိ ၎င်းကျေးရွာ(၄)ရွာသည် ပြီးခဲ့သည့်(၂၀၂၁)ခုနှစ်မှစတင်ကာ ရေဦးတည်တိုက် စားမှုကို ခံခဲ့ရခြင်းဖြစ်ပြီး ရေလွှမ်းဧရိယာကဲ့သို့ မကြာခဏရေတိုက်စားမှုခံနေရသည့် နေရာများ မဟုတ်ကြောင်း သိရသည်။

"နှစ်တိုင်း ဖြစ်လေ့ဖြစ်ထရှိပြီး ပြောင်းနေရတာမဟုတ်ဘူး။ တကယ်ပဲ ဘေးဒုက္ခသင့်နေတာပါ။ ဒါပေမယ့် (၂၀၂၁)ခုနှစ်နဲ့ယှဥ်ရင်တော့ လှူဒါန်းမှုတွေက နည်းနေပါသေးတယ်။ သူတို့လည်း အခက်အခဲတွေလည်းရှိနေပါသေးတယ်" ဟု ၎င်းက ဆက်လက်ပြောသည်။

အဆိုပါ နေအိမ်များရွှေ့ပြောင်းနေရသည့်ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ အစိုးရတာဝန်ရှိသူများလည်း ကွင်းဆင်းမှုများရှိနေကြောင်း သိရသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရန်ကုန်မြို့ရှိ အထပ်မြင့်တိုက်(၆)လွှာ၌ နေထိုင်သော အမျိုးသမီးကို ဆိုက်ကားသမားက လည်ပင်းအား ဓါးဖြင့်လှီးကာ ရွှေထည်လုယက်မှုဖြစ်ပွား

RELATED POSTS
RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved