ရန်ကုန်မြို့ရှိ အထပ်မြင့်တိုက်(၆)လွှာ၌ နေထိုင်သော အမျိုးသမီးကို ဆိုက်ကားသမားက လည်ပင်းအား ဓါးဖြင့်လှီးကာ ရွှေထည်လုယက်မှုဖြစ်ပွား
NSS - သြဂုတ် ၃၁
ရန်ကုန်မြို့ရှိ အထပ်မြင့်တိုက်(၆)လွှာ၌နေထိုင်သော အမျိုးသမီးကို ဆိုက်ကားသမားက လည်ပင်းအား ဓါးဖြင့်လှီးကာ ရွှေထည်ပစ္စည်းလုယက်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့(သြဂုတ်လ ၃၀ ရက်)တွင် ရန်ကုန်တိုင်း၊ ပုဇွန်တောင်မြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ မြောင်းကြီးလမ်းရှိ အထပ်မြင့်တိုက်(၆)လွှာ၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း အခင်းဖြစ်နေရာအနီးနေထိုင်သူများထံမှ သိရသည်။
လူသတ်မှုကျူးလွန်းခဲ့သူသည် ပုဇွန်တောင်မြို့နယ်ရှိ ရွှေဆိုင်တစ်ခု၌ ရွှေသွားရောင်းစဉ်အချိန် ယင်းရွှေထည်များ၌ သွေးစများတွေ့ရှိခဲ့ရသည့်အတွက် ရွှေဆိုင်မှမသင်္ကာဖြစ်၍ လုံခြုံရေးအဖွဲ့ဝင်များထံသို့ အ ကြောင်းအကြားခဲ့ကြောင်း သိရသည်။
ထို့နောက် လုံခြုံရေးအဖွဲ့ဝင်များက လူသတ်မှုကျူးလွန်းခဲ့သော အမျိုးသားကို စစ်ဆေးမေးမြန်းမှုများပြုလုပ်ခဲ့ရာမှ လူသတ်ပြီး လုယက်မှုဖြစ်စဉ် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။
အထက်ပါအခင်းဖြစ်ပွားရာတိုက်ခန်း၌ အသက်(၃၂)နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးသည် ၎င်း၏ ခင်းပွန်းဖြစ်သူနှင့်အတူ နေထိုင်ခဲ့သည်မှာ (၄)လခန့်သာ ကြာမြင့်သေးကြောင်း သိရသည်။
ခင်ပွန်းဖြစ်သူ အလုပ်သွားချိန်၌ ၎င်းတို့ ပုံမှန်ငှားစီးနေကြဖြစ်သည့် ဆိုက်ကားသမားတစ်ဦးက အခန်းအတွင်းဝင်ရောက်လာကာ အမျိုးသမီး၏လည်ပင်းအား ဓါးဖြင့်လှီးသတ်ကာ ရွှေထည်ပစ္စည်းများကို လုယက်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ဓါးဖြင့်လည်ပင်းအား လှီးခဲ့သည့်အတွက် အမျိုးသမီးဖြစ်သူသည် သွေးထွက်လွန်ပြီးနောက် တိုက် ခန်းအတွင်း၌ပင် ဆုံးပါးသွားခဲ့ကြောင်း သိရသည်။
“ပြည်သူတွေအနေနဲ့ မိမိပတ်ဝန်းကျင် နေထိုင်သူအချင်းချင်း စောင့်ရှောက်ကြဖို့ လိုပါတယ်။ အခုကာလမှာ တရားဥပဒေ စိုးမိုးရေးအားနည်းတဲ့အတွက် လူသတ်တာ၊ ဓားပြတိုက်တာ၊ ပစ္စည်းခိုးတာ၊ အလစ် သုတ်တာ၊ လုယက်တာတွေ များပါတယ်။ အဲဒါကြောင့် သတိပြုနေထိုင်ဖို့၊ လုံခြုံရေးဂရုစိုက်ဖို့ အကြံပြုလိုပါတယ်”ဟု လုံခြုံရေးအရာရှိဟောင်းတစ်ဦးက အကြံပြုထားသည်။
လက်ရှိတွင်လည်း လူသတ်ကာ လုယက်မှုကျူးလွန်ခဲ့သော ဆိုက်ကားသမားကို ပုဇွန်မြို့နယ်ရဲစခန်း၌ ဖမ်းဆီးထိန်းသိမ်းကာ အရေးယူနိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၂၄ နာရီအတွင်းဖြစ်ပွားခဲ့သော ပြည်တွင်းနှင့်ပြည်ပက သတင်းများအား စုစည်းတင်ဆက်ခြင်း
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း