စားအုန်းဆီ တန်ချိန်(၃၆၀)ကျော်ကို နေ့စဉ် စတင်ရောင်းချပေးနေ
NSS - ဩဂုတ် ၂၉
စားသုံးဆီဈေးနှုန်းတည်ငြိမ်ရေးအဖွဲ့က ဩဂုတ်လ ၂၈ ရက် နှင့် ၂၉ ရက်အတွင်း ရန်ကုန်မြို့တွင်းမြို့နယ်များရှိ လက်လီလက်ကားဆိုင်(၂ဝဝ)ဝန်းကျင်တွင် တစ်ရက်လျှင် စားအုံးဆီ ပေပါ(၂ဝဝဝ)၊ တန်ချိန်အားဖြင့် ၃၆၀ တန်ကို ရောင်းချပေးနေကြောင်း ထုတ်ပြန်ချက်အရသိရသည်။
မြန်မာနိုင်ငံ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းက ဖွဲ့စည်းထူထောင်ထားသည့် စားသုံးဆီဈေးနှုန်း တည်ငြိမ်ရေးအဖွဲ့က ပြည်တွင်း၌တင်သွင်းပြီး လက်ကျန်ရှိနေသည့် စားအုန်းဆီတန်ချိန် ၆၀၀၀ ဝန်းကျင်ကို ဈေးကွက်အတွင်း ရည်ညွှန်းပေါက်ဈေး တစ်ပိဿာလျှင် ၄၄၀၀ ကျပ်ဖြင့်ရောင်းချနေသည့် အစီအစဉ်ဖြစ်သည်။
လက်ရှိရောင်းချပေးနေသော စားအုန်းဆီများသည်လည်း ရန်ကုန်တိုင်းတစ်ခုလုံးအတွက် တစ်ရက်လျှင် အရောင်းဆိုင် ၁၅၀ မှ၂၀၀ သာရှိခြင်းကြောင့် လိုအပ်နေသောပြည်သူများအတွက် လုံလောက်မှုမရှိနိုင်ကြောင်းသိရသည်။
“မနေ့ကတုန်းကတော့ ဆီကုန်သည်အသင်းက တစ်ပိသာ ၄၄၀၀ နဲ့ရောင်းပေးနေတာတွေ့တယ်။ ဒီနေ့တော့ ရောင်းတာမတွေဘူး။ သူတို့ရောင်းတဲ့အချိန်မှာဘဲတန်းစီဝယ်ရတာ။ ကျန်တဲ့ အပြင်ရပ်ကွက်ထဲက အိမ်ဆိုင်တွေမှာတော့ဈေးမကျသေးဘူး။ စားအုန်းဆီတစ်ပိသာ တစ်သောင်းကျော် ဘဲရှိနေတယ်” ဟုတောင်ဒဂုံမြို့ခံ အိမ်ဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်။
လက်လီဈေးကွက်အတွင်း စားသုံးဆီများကို ယခင်အမြင့်ဈေးနှုန်းအတိုင်း ဆက်ရောင်းနေပါက ဝယ်ယူခြင်းမပြုရန်နှင့် တိုင်ကြားနိုင်ကြောင်း စားသုံးသူရေးရာဦးစီးဌာနက ယနေ့ (ဩဂုတ်လ ၂၉ ရက်)တွင် ထုတ်ပြန်ကြေညာထားသည်။
အိမ်ဆိုင်များနှင့်လက်လီဆိုင်များအနေဖြင့် ယခင် တစ်ပိသာ ၉၀၀၀ ကျပ်ဝန်းကျင် ပေါက်ဈေးဖြင့် ရောင်းချသည့် ဒိုင်များမှဝယ်ယူထားသည့် ဆီများလက်ကျန်ရှိနေရာ ဈေးနှုန်းလျှော့ချပြီးရောင်းချရန်အခက်အခဲရှိနေကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နိုင်ဂျာကို စစ်ရေးအရ ဝင်ရောက်စွက်ဖက်မည့် ECOWAS ၏ ဆောင်ရွက်မှုမှန်သမျှကို ထောက်ခံသွားမည်ဖြစ်ကြောင်း ပြင်သစ်အစိုးရထုတ်ဖော်ပြော
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း