နိုင်ငံကူးလက်မှတ်သက်တမ်းတိုးလျှောက်ထားခြင်းကို စက်တင်ဘာလ(၁)ရက်မှစ၍ ခေတ္တရပ်ဆိုင်းထားမည်ဟု ဆိုလ်းမြို့ရှိ မြန်မာသံရုံးကြေညာ
ယွန်း (NSS) - သြဂုတ် ၂၈
လာမည့် စက်တင်ဘာလ(၁)ရက်မှစ၍ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးလျှောက်ထားခြင်းကို ခေတ္တရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးမှ ထုတ်ပြန်ကြေညာထားသည်။
ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ရှိ မြန်မာသံရုံးက ယနေ့(သြဂုတ်လ ၂၈ ရက်)တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
ကိုရီးယားနိုင်ငံတွင်ရောက်ရှိနေသော မြန်မာနိုင်ငံသားများ၏ သာမန်မြန်မာနိုင်ငံကူးလက်မှတ် သက် တမ်းတိုးလျှောက်ထားမှုအား အဆင်ပြေချော့မွေစေရေးအတွက် မြန်မာသံရုံးမှ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံကူးလက်မှတ်ထုတ်ပေးသည့်စက်အား ရေရှည်တွင် ကောင်းမွန်စွာလည်ပတ်နိုင်ရေးအတွက် ပြုပြင်ထိန်းသိမ်းမှုများပြုလုပ်ရန် ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့ကြောင့် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးလျှောက်ထားခြင်းများကို စက်တင်ဘာလ(၁)ရက်မှစ၍ ခေတ္တရပ်ဆိုင်းထားမည်ဖြစ်ပြီး ပြန်လည်လက်ခံမည့် နေ့ရက်အား ထပ်မံအသိပေးအကြောင်းကြားသွားမည်ဖြစ်ကြောင်း သံရုံးမှအသိပေးထုတ်ပြန်ထားသည်။
အလားတူ မြန်မာသံရုံး၌ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးလျှောက်ထားပြီးသူများ၏ နိုင်ငံကူးလက်မှတ်အသစ်များကိုလည်း သတ်မှတ်ထားသည့်ရက်များအတိုင်း ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထောင်ဒဏ် ၈ နှစ်ကျခံရမယ့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို လွတ်ငြိမ်းချမ်းသာခွင့်မပေးဖို့ ထိုင်းနိုင်ငံရေးပါတီတောင်းဆို
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း