ထောင်ဒဏ် ၈ နှစ်ကျခံရမယ့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို လွတ်ငြိမ်းချမ်းသာခွင့်မပေးဖို့ ထိုင်းနိုင်ငံရေးပါတီတောင်းဆို
ဂျန်ဇက် (NSS) - သြဂုတ် ၂၈
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖွယ်ရှိနေတယ်လို့ သတင်းများထွက်ပေါ်နေချိန် မှာပဲ ထိုင်း Thaipakdee ပါတီ တာဝန်ရှိသူတွေဟာ ထိုင်းအကျဉ်းဦးစီးဌာနကို သွားရောက်ပြီး သက်ဆင်ကို လွတ်ငြိမ်းချမ်းသာခွင့်မပေးဖို့ တောင်းဆိုခဲ့ကြောင်း သိရပါတယ်။
သက်ဆင်ဟာ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူချိန်အတွင်း အာဏာအလွဲသုံးစားမှုတွေ၊ အကျင့်ပျက်လာဘ်စားမှုတွေ ရှိခဲ့တယ်ဆိုပြီး စွဲချက်တင်ခံရကာ ထောင်ဒဏ် ၈ နှစ်ပြစ်ဒဏ်ကျခံဖို့ အမိန့်ချမှတ်ခံထားရသူဖြစ်ပါတယ်။
သက်ဆင်ဟာ ထောင်ဒဏ်မကျခံလိုတဲ့အတွက် ပြည်ပကိုထွက်ပြေးခဲ့ပေမယ့် သြဂုတ် ၂၂ ရက်မှာ ထိုင်းနိုင်ငံကို ပြန်လာခဲ့ပြီးနောက် အကျဉ်းထောင်ကို ပို့ဆောင်ခံခဲ့ရပါတယ်။ သက်ဆင်ဟာ အကျဉ်းထောင်မှာ နေထိုင်တဲ့ တစ်ရက်အတွင်းမှာပဲ နှလုံးရောဂါပြန်လည်ရရှိခဲ့တဲ့အတွက် အကျဉ်းထောင်ကနေ ရဲဆေးရုံကို ပို့ဆောင်ကုသနေရ ကြောင်း သိရပါတယ်။
Anant Sakhoncharoen ဆိုသူ ဦးဆောင်တဲ့ ထိုင်း Thaipakdee ပါတီဟာ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးမှ မရရှိတဲ့ ပါတီမျိုးဖြစ်ပေမယ့်လည်း သက်ဆင်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးမယ့်အစီအစဉ်ကို ဆန့်ကျင်ကြောင်း ထိုင်းအစိုးရတာဝန်ရှိသူများထံ စာပေးပို့ခဲ့ကြောင်း သိရပါတယ်။
Thaipakdee ပါတီခေါင်းဆောင်က သက်ဆင်ဟာ ဝန်ကြီးချုပ်အဖြစ်တာဝန်ယူချိန်အတွင်း အကျင့်ပျက်လာဘ်စား မှုတွေရှိခဲ့ပြီး ပြစ်ဒဏ်မခံလိုတဲ့အတွက် ပြည်ပထွက်ပြေးခဲ့ကာ တရားရုံးရဲ့ဆုံးဖြတ်ချက်ကို မထီမဲ့မြင်ပြုလုပ်ခဲ့သူဖြစ်ကြောင်း ဝေဖန်ထားပါတယ်။ သက်ဆင်အနေနဲ့ လက်ရှိအချိန်မှာ ကျန်းမာရေးမကောင်းမွန်တဲ့အတွက် ဆေးရုံတက်ရောက်နေရခြင်းကိုလည်း သံသယရှိကြောင်း ၎င်းက ပြောပါတယ်။
သက်ဆင်ဟာ ပြည်ပြေးအဖြစ် ပြည်ပမှာ ၁၅ နှစ်ကြာ နေထိုင်ခဲ့ပြီး ထိုင်းနိုင်ငံကို ပြန်လည်ရောက်ရှိချိန်မှာ ပြစ်ဒဏ်များကို ထိုင်းဘုရင်ထံ လွတ်ငြိမ်းချမ်းသာခွင့်လျှောက်ထားခွင့်ရှိနေသူဖြစ်ကြောင်း သိရပါတယ်။ သက်ဆင်ဟာ အခြားအကျဉ်းသားများနဲ့ နှိုင်းယှဉ်ရင် အထူးအခွင့်ရေးရရှိနေတယ်ဆိုတဲ့သတင်းတွေလည်း ထွက်ပေါ်နေပေမယ့် ထိုင်းအကျဉ်းဦးစီးဌာနကတော့ ငြင်းဆန်ထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမျိုးသားဖြစ်သူက ၎င်း၏အမျိုးသမီးအား ဓားဖြင့်(၈)ချက်ထက်မနည်း ခုတ်သတ်မှု သထုံမြို့တွင်ဖြစ်ပွား
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ