အမျိုးသားဖြစ်သူက ၎င်း၏အမျိုးသမီးအား ဓားဖြင့်(၈)ချက်ထက်မနည်း ခုတ်သတ်မှု သထုံမြို့တွင်ဖြစ်ပွား
NSS - ဩဂုတ် ၂၈
မွန်ပြည်နယ်၊ သထုံမြို့တွင် အမျိုးသားဖြစ်သူက ၎င်း၏အမျိုးသမီးအား ဓားဖြင့်အချက်ပေါင်းများစွာခုတ်သတ်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဩဂုတ်လ ၂၇ ရက်)၊ နံနက်ပိုင်းအချိန်တွင် သထုံမြို့၊ ကော့သန်ကျေးရွာ၊ လယ်ထဲရှိ နေအိမ်တွင် အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အကြင်နာတွဲလက်လူမှုကူညီကယ်ဆယ်ရေးအသင်းထံမှ သိရသည်။
“သူ့ယောကျ်ားက ထမင်းစားမယ်ပြောတာကို သူကတံမြက်စည်းနဲ့ရိုက်လို့ဆိုပြီး ယောကျ်ားဖြစ်သူက ဓားနဲ့ခုတ်လိုက်တာပါ။ ယောကျ်ားဖြစ်သူက ခုတ်ပြီးတော့ ရဲစခန်းမှာသွားအဖမ်းခံတယ်”ဟု အကြင်နာတွဲလက်လူမှုကူညီကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
ဓားခုတ်ခံရမှုကြောင့် အမျိုးသမီးတွင် ယာဘက် နားအောက်တွင် ပြတ်ရှဒဏ်ရာ(၁)ချက်၊ ဦးခေါင်းတွင်ပြတ်ရှဒဏ်ရာ(၄)ချက်၊ လက်ကောက်ဝတ် နှစ်ဖက်စလုံးတွင် ပြတ်ရှဒဏ်ရာ(၂)ချက် နှင့် လည်ပင်းတွင် ပြတ်ရှဒဏ်ရာ(၁)ချက် ရရှိခဲ့ကြောင်း သိရသည်။
သေဆုံးသူအမျိုးသမီးသည် မနွယ်နွယ် (၃၉)နှစ်ဖြစ်ပြီး ဓားခုတ်ခံရသည့် ဒဏ်ရာများကြောင့် အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။
မနွယ်နွယ်၏ ရုပ်အလောင်းအား သထုံပြည်သူ့ဆေးရုံကြီးမှတစ်ဆင့် ကျောက်တန်းသုဿန်သို့ ပို့ဆောင်ထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လက်ကျန်စားအုန်းဆီတန်ချိန် ၂၇ဝဝ ကျော်ကို ဒိုင်ဈေးဖြင့် ရောင်းချရန်စီစဉ်မှု တိကျရှင်းလင်းမှုမရှိ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း