အမျိုးသမီးတွေကို ပန်းခြံသွားရောက်ခြင်းမျိုးမလုပ်ဆောင်ဖို့ တာလီဘန်အဖွဲ့ တားမြစ်ပိတ်ပင်
ဂျန်ဇက် (NSS) - ဩဂုတ် ၂၈
တာလီဘန်အဖွဲ့ဟာ အာဖဂန်နစ္စတန်အမျိုးသမီးတွေကို နာမည်ကျော် ပန်းခြံတွေကို အမျိုးသမီးတွေ သွားရောက်လည်ပတ်ခွင့်ပိတ်ပင်လိုက်ကြောင်းသိရပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံကို အုပ်ချုပ်နေတဲ့ တာလီဘန်အဖွဲ့ဟာ အမျိုးသမီးတွေကို ပန်းခြံတွေ သွားရောက်ခြင်းကိုတားမြစ်ဖို့ အင်အားသုံးမှာဖြစ်တယ်လို့လည်း ဆိုထားပါတယ်။ အမျိုးသမီးတွေဟာ မွတ်စလင်အမျိုးသမီးတွေဝတ်ဆင်ရတဲ့ hijab ကို စနစ်ကျစွာဝတ်ဆင်ခြင်းမျိုးလည်းမရှိကြောင်း၊ အဲဒီအတွက်ကြောင့် အမျိုးသမီးတွေကို နာမည်ကျော်ပန်းခြံတွေတွေကို သွားရောက်လည်ပတ်ခြင်းမျိုးကို တားမြစ်သွားရမှာဖြစ်ကြောင်း အာဖဂန်နစ္စတန်ဘာသာရေးဝန်ကြီး Mohammad Khalid Hanafi ကပြောပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံကို တာလီဘန်အဖွဲ့တွေ ပြန်လည်အုပ်ချုပ်ခဲ့ပြီးနောက် အမျိုးသမီးတွေအပေါ် တင်းကြပ်တဲ့စည်းကမ်းတွေ ထုတ်ပြန်ခဲ့ရာအမျိုးသမီးတွေရဲ့ဘဝက ထောင်ထဲမှာနေထိုင်ရသလိုမျိုးဖြစ်လာနေကြောင်း လူ့အခွင့်အရေးလှုပ်ရှားသူများက ပြောပါတယ်။ လူ့အခွင့်အရေးစောင့်ကြည့်ရေး ဒါရိုက်တာတစ်ဦးဖြစ်တဲ့ ဟီသာဘားက "အမျိုးသမီးတွေနဲ့ပတ်သက်ပြီး အုတ်နံရံလိုမျိုး စည်းကမ်းတွေ တစ်ခုပြီးတစ်ခုထုတ်ပြန်ခဲ့တယ်။ အမျိုးသမီးတွေရဲ့ရှင်သန်နေထိုင်မှုတွေက ထောင်ထဲမှာနေထိုင်ရသလိုမျိုးဖြစ်လာနေတယ်"လို့ ပြောပါတယ်။
တာလီဘန်တွေဟာ အာဖဂန်နစ္စတန်နိုင်ငံအတွင်းရှိ အမျိုးသမီးတွေကို တက္ကသိုလ်ပညာသင်ကြားခွင့်လည်း တားမြစ်ပိတ်ပင်ခဲ့ဖူးကြောင်းသိရပါတယ်။ ဒါ့ပြင်အမျိုးသမီးတွေကို အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေမှာပါဝင်လုပ်ကိုင်ခွင့်လည်း တားမြစ်ထားသလို အလှပြင်ဆိုင်သွားရောက်မှုတွေလည်းတားမြစ်ထားကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်-ကွမ်းကျိုး-လော့အိန်ဂျယ်လိစ့်မြို့ လေကြောင်း ချိတ်ဆက်ပျံသန်းမှုတွေကို စက်တင်ဘာ ၁ ရက်မှာ စတင် ဖွယ်ရှိနေ
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း