ရန်ကုန်-ကွမ်းကျိုး-လော့အိန်ဂျယ်လိစ့်မြို့ လေကြောင်း ချိတ်ဆက်ပျံသန်းမှုတွေကို စက်တင်ဘာ ၁ ရက်မှာ စတင် ဖွယ်ရှိနေ
ဂျန်ဇက် (NSS) - သြဂုတ် ၂၈
တရုတ်နိုင်ငံအခြေစိုက် China Southern Airlines ဟာ မြန်မာနိုင်ငံ ရန်ကုန်-တရုတ်နိုင်ငံ ကွမ်းကျိုး နဲ့ အမေရိကန်နိုင်ငံ လော့အိန်ဂျယ်လိစ့်မြို့တွေကို တိုက်ရိုက်ချိတ်ဆက်ပျံသန်းမယ့် လေကြောင်းခရီးစဉ်အသစ်ကို စက်တင်ဘာ ၁ ရက်နေ့မှာ စတင်ပျံသန်းသွားမယ်လို့ သတင်းထုတ်ပြန်လိုက်ပါတယ်။
မြန်မာနိုင်ငံအခြေစိုက် ခရီးသွားအေဂျင်စီတစ်ခုဖြစ်တဲ့ Columbus Travels Myanmarဟာ ရန်ကုန်-ကွမ်းကျိုး-လော့အိန်ဂျယ်လိစ့်မြို့တို့ကို လေကြောင်းတိုက်ရိုက်ပျံသန်းမယ့်ခရီးစဉ်ကို ဖော်ပြထားခြင်းလည်း ဖြစ်ပါတယ်။ ရန်ကုန်-ကွမ်းကျိုး-လော့အိန်ဂျယ်လိစ့်မြို့တို့ကို ချိတ်ဆက်ပျံသန်းမယ့်ခရီးစဉ်ဟာ တစ်ပတ်ကို ၄ ကြိမ်နှုန်းနဲ့ ပျံသန်းမှာဖြစ်ပြီး တနင်္လာ၊ ဗုဒ္ဒဟူး၊ သောကြာနဲ့ စနေနေ့တို့မှာ ပျံသန်းမှာဖြစ်ကာ၊ လော့အိန်ဂျယ်လိစ့်-ကွမ်းကျိုး - ရန်ကုန်ခရီးစဉ်ကို တစ်ပတ်ကို တစ်ကြိမ်နှုန်းသာ ပျံသန်းမှာဖြစ်ကာ ဗုဒ္ဒဟူးနေ့မှာ ပျံသန်းမှာဖြစ်ကြောင်း သိရပါတယ်။
ရန်ကုန်မြို့ကနေ ကွမ်းကျိုးမြို့ နဲ့ လော့အိန်ဂျယ်လိစ့်မြို့တို့ကို လေကြောင်းပျံသန်းမယ့်ခရီးစဉ်ဟာ အမေရိကန် ဒေါ်လာ ၁၂ဝဝ ကုန်ကျမှာဖြစ်ပြီး Transit hour အချိန် ၅ နာရီသာကြာမှာဖြစ်တဲ့အတွက် China Visa ယူစရာမလို ကြောင်း သိရပါတယ်။
ရန်ကုန်-ကွမ်းကျိုး-လော့အိန်ဂျယ်လိစ့်မြို့ လေကြောင်းပျံသန်းမှုခရီးစဉ်ကို နံနက် ၁၁ နာရီ ၂၅ မိနစ်မှာ စတင်မှာ ဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် လော့အိန်ဂျယ်လိစ့်-ကွမ်ကျိုး-ရန်ကုန်ခရီးစဉ်ကိုတော့ ညဘက် ၁၁ နာရီ ၅ဝ မိနစ်မှာ စတင်ထွက်ခွာပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဘန်ကောက်မြို့မှာ ကျင်းပတဲ့ ကရင်ရိုးရာပွဲတော်ကို ထိုင်းနိုင်ငံရဲ့ Move Forward ပါတီခေါင်းဆောင် ပီတ လင်ဂျာရိုအမ်ရက် တက်ရောက်
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း