လျှပ်စစ်နှင့်ပတ်သက်၍ ရေရှည်စီမံကိန်းများ နှောင့်ယှက်ခံရကာ ရပ်ဆိုင်းခဲ့ရသည့်အတွက် ဓာတ်အားလိုအပ်ချက် အကျိုးဆက်ကို ခံစားနေရဟု နစကဆို
ယွန်း (NSS) - သြဂုတ် ၂၇
လျှပ်စစ်ဓာတ်အားလိုအပ်ချက်များသည် လျှပ်စစ်နှင့်ပတ်သက်၍ ရေရှည်စီမံချက်ဖြင့် ဆောင်ရွက်သည့် စီမံကိန်းကြီးများကို နှောင့်ယှက်မှုများကြောင့် ရပ်ဆိုင်းခဲ့ရသည့် အကျိုးဆက်ပင်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက အသိပေးပြောကြားခဲ့သည်။
နစကဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြီးခဲ့သည့် သြဂုတ်လ(၂၅)ရက်တွင် နစကဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပခဲ့သည့် စီးပွားရေးရာကော်မတီအစည်းအဝေးတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ကိုဗစ်ကာလအတွင်း ကုန်ထုတ်လုပ်မှုများ၌ ထိခိုက်မှုများရှိခဲ့ခြင်းကြောင့် ကိုဗစ်စည်းကမ်းများနှင့်အညီ နိုင်ငံ၏အဓိကကုန်ထုတ်လုပ်ငန်းဖြစ်သည့် စိုက်ပျိုးရေးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများနှင့် MSME လုပ်ငန်းများကို မြှင့်တင်ရေးကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာ၌ တစ်ဖက်တွင်လည်း လျှပ်စစ်ဓာတ်အားလိုအပ်ချက်များရှိနေကြောင်း သိရပြီး အဆိုပါလိုအပ်ချက်များသည် လျှပ်စစ်နှင့်ပတ်သက်၍ ရေရှည်စီမံချက်များဖြင့် ဆောင်ရွက်သည့် စီမံကိန်းကြီးများကို နှောင့်ယှက်မှုများရှိသဖြင့် ရပ်ဆိုင်းရသည့် အကျိုးဆက်ပင်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက အသိပေးပြောကြားခဲ့သည်။
အကြမ်းဖက်များ၏ ဖျက်ဆီးမှုများကြောင့် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်မှ ဇူလိုင်လ(၃၀)ရက်အထိ (၆)လတာကာလအတွင်း လျှပ်စစ်နှင့်တာဝါတိုင်(၂၆)ခု ပျက်စီးဆုံးရှုံးခဲ့ကြောင်း နစကမှ ပြီးခဲ့သည့်လက ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားလိုအပ်ချက်များဆက်လက်ရှိနေပြီး လက်ရှိအချိန်အထိ နိုင်ငံလိုအပ် ချက်၏ (၅၀)ရာခိုင်နှုန်းကိုပင် ဖြည့်ဆည်းပေးနိုင်ခြင်းမရှိသေးသည်ကို တွေ့ရှိရကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြီးခဲ့သည့် သြဂုတ်လ (၈) ရက်က အသိပေးပြောကြားထားသည်။
လက်ရှိတွင် လျှပ်စစ်ဓာတ်အားလိုအပ်ချက်သည် နစကအစိုးရအတွက် စိန်ခေါ်မှုတစ်ရပ်အနေဖြင့် ရှိနေပြီး နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း၊ လေအားလျှပ်စစ်ထုတ်လုပ်ခြင်း၊ စပါးခွံသုံးဓာတ်ငွေ့လောင်စာအသုံးပြု၍ လျှပ်စစ်ထုတ်လုပ်ခြင်းလုပ်ငန်းများကို အကောင်ထည်ဖော်နေကြောင်း သိရသည်။
ထို့ပြင် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးရန်အတွက် နိုင်ငံတွင်း၌ ပေါများစွာရရှိသည့် စိုက်ပျိုးရေးဘေးထွက်ပစ္စည်းဖြစ်သည့် စပါးခွံကိုသုံး၍ တစ်ပိုင်တစ်နိုင် လျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်းကို အားပေးမြှင့်တင်လျက်ရှိသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နတ်မောက်မြို့နယ်ရှိ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးကို PDF အဖွဲ့က ဓားဖြင့် ထိုးခုတ်သတ်ဖြတ်ခဲ့ဟု ရဲတပ်ဖွဲ့ဆို
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း