ဥရောပသမဂ္ဂ၏ ပိတ်ဆို့အရေးယူမှုမူဝါဒများမှာ ကမ္ဘာ့ဇာတ်ခုံပေါ်တွင် ဟာသတစ်ခုလိုဖြစ်နေကြောင်း ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီး ပြော
Pika (NSS) - သြဂုတ် ၂၇
ဥရောပသည် ယူကရိန်းကို ထောက်ခံခြင်းဖြင့် ကိုယ့်ကိုယ်ကိုယ်ဖျက်ဆီးနေပြီး ဥရောပသမဂ္ဂ၏ ပိတ်ဆို့အရေးယူမှုဝါဒသည် ကမ္ဘာ့ဇာတ်ခုံပေါ်တွင် ဟာသတစ်ခုလိုဖြစ်နေကြောင်း ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီး Peter Szijjarto က ပြောကြားခဲ့သည်။
ထို့အပြင် ယူကရိန်းပဋိပက္ခကို ချက်ချင်းအဆုံးသတ်ရမည်ဆိုသည့် ဟန်ဂေရီအစိုးရ၏ ရပ်တည်ချက်ကို ၎င်းက ထပ်မံပြောကြားခဲ့ကြောင်း သိရသည်။ ရုရှားနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုက အောင်မြင်ခဲ့ပြီး ရုရှားစီးပွားရေးဟာ ပျက်စီးနေတယ်ဆိုတဲ့ပြောဆိုမှုများသည် ချဲ့ကာ ပြောဆိုခြင်းများသာဖြစ်ကြောင်း ၎င်းက ပြောခဲ့သည်။
၎င်းက "ဥရောပသမဂ္ဂရဲ့ပိတ်ဆို့အရေးယူမှု မူဝါဒတွေက မအောာင်မြင်ခဲ့ပါဘူး။ ကမ္ဘာပေါ်ရှိ နေရာအများအပြားမှာ ဥရောပရဲ့ပိတ်ဆို့မှုမူဝါဒတွေဟာ လှောင်ပြောင်ခြင်းခံနေရပါတယ်၊" ဟု ပြောသည်။
ရုရှားသည် ၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ခဲ့ပြီးနောက် ဥရောပသမဂ္ဂသည် ရုရှား အပေါ် ပိတ်ဆို့အရေးယူမှု(၁၁)ကြိမ်ထိ ချမှတ်ခဲ့ကြောင်း သိရသည်။ ဥရောပသမဂ္ဂ၏ နိုင်ငံခြားရေးရာနှင့် လုံခြုံရေး မူဝါဒဆိုင်ရာအဆင့်မြင့်ကိုယ်စားလှယ် ဂျိုးဆက်ဘော်ရဲလ်က ပိတ်ဆို့အရေးယူမှုများသည် ရုရှားနိုင်ငံ၏ စီးပွားရေး ကို ပြင်းပြင်းထန်ထန်ထိခိုက်စေကြောင်း ပြောဆိုခဲ့သည်။
သို့သော်လည်း နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF က ရုရှား၏ စီးပွားရေးသည် ယခုနှစ်တွင်(ဝ ဒသမ ၇) ရာခိုင်နှုန်းမြင့်တက်လာခဲ့ပြီး ၂ဝ၂၄ ခုနှစ်တွင် (၁ ဒသမ ၃) ရာခိုင်နှုန်းထိ မြင့်တက်လာမည်ဟု ခန့်မှန်းပြောခဲ့သည်။
ထို့အပြင် ယူရိုဇုန်သည် ရုရှားထံမှစွမ်းအင် တင်သွင်းမှုများကို ဖြတ်တောက်လိုက်ပြီးနောက် ယခုနှစ်အစောပိုင်းတွင် စီးပွားရေးကျဆင်းမှုများရှိခဲ့ကြောင်း သိရသည်။ ဂျာမနီ၏ စက်မှုလုပ်ငန်းများသည် စွမ်းအင်အကျပ်အတည်း ကြောင့် ထုတ်လုပ်နိုင်စွမ်းကျဆင်းခဲ့ပြီး ရုရှားသည် ဂျာမနီကို ကျော်တက်သွားခဲ့ကြောင်း ကမ္ဘာ့ဘဏ်၏အဆိုအရ သိရသည်။
ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တောအော်ဗန်သည် အနောက်အုပ်စုထုတ်လက်နက်များကို ဟန်ဂေရီနိုင်ငံမှတစ်ဆင့် ယူကရိန်းသို့ ပေးပို့ခွင့်ပြုရန် တောင်းဆိုချက်များကို ငြင်းဆန်ပယ်ချခဲ့ကြောင်း သိရသည်။ ထို့အပြင် Peter Szijjarto သည် ယူကရိန်းအတွက် ဥရောပသမဂ္ဂ၏ လက်နက်ရန်ပုံငွေတိုးမြှင့်ခြင်းများကို ဆန့်ကျင်ကြောင်း အကြိမ်ကြိမ်ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လျှပ်စစ်နှင့်ပတ်သက်၍ ရေရှည်စီမံကိန်းများ နှောင့်ယှက်ခံရကာ ရပ်ဆိုင်းခဲ့ရသည့်အတွက် ဓာတ်အားလိုအပ်ချက် အကျိုးဆက်ကို ခံစားနေရဟု နစကဆို
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း