အယ်နီညိုရာသီဥတုပြောင်းလဲမှုကြောင့် မြန်မာနိုင်ငံတွင် စားရေရိက္ခာ ပြတ်လပ်မှုမကြုံနိုင်ဟုဆို
ရဲပြည့် (NSS)- ဩဂုတ် ၂၄
ယခုနှစ်အတွင်း ဖြစ်ပေါ်မည့် အယ်နီညိုရာသီဥတုပြောင်းလဲမှုကြောင့် မြန်မာနိုင်ငံတွင် စားရေရိက္ခာပြတ်လပ်မှုမကြုံနိုင်ကြောင်း နှင့် လက်ရှိအချိန်အထိ ပြည်တွင်း၌ ဆန်တန်ချိန် ၃ ဒသမ ၅ သန်းကျော်ကျန်ရှိနေသေးကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမင်းမင်းက ပြောသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၂၂ ရက်က ပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏(၂၂) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
“သဘာဝဘေးပေါ့။ ကမ္ဘာ့နိုင်ငံအသီးသီးမှာဆိုရင် အယ်နီညိုနဲ့ပတ်သက်ပြီး ဒီနှစ်မှာဆိုလို့ ရှိရင် သက်ရောက်မှုတွေရှိလာမှာဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း ကမ္ဘာ့စားရေရိက္ခာထုတ်လုပ်မှုတွေထိခိုက်နိုင်တာကို ကျွန်တော်တို့အနေနဲ့လည်း ကြိုတင်ပြီးတော့ လေ့လာ ဆန်းစစ်မှုတွေလုပ်ထားတယ်။ ကျွန်တော်တို့ခန့်မှန်းတာက အောက်တိုဘာလို့ ခန့်မှန်းပါတယ်။ ဒီအောက်တိုဘာ၊ နိုဝင်ဘာလလောက်မှာ မိုးစပါးပေါ်မှာပေါ့နော်။ အောက်တိုဘာလလောက်မှာ အယ်လ်နီညိုစဝင်မှာဖြစ်တော့ ဒီမိုးစပါးကို ထိခိုက်နိုင်ခြေ မရှိဘူးလို့ သုံးသပ်ထားပါတယ်” ဟု အမြဲတမ်းအတွင်းဝန် ဦးမင်းမင်းက ပြောသည်။
ထို့ပြင် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ တွက်ချက်ထားမှုများအရ လက်ရှိအချိန်အထိ ပြည် တွင်း၌ ဆန်တန်ချိန် ၃ ဒသမ ၅ သန်းကျော် ကျန်ရှိနေသေးသည့်အတွက် မြန်မာနိုင်ငံသို့ အယ်နီညိုဝင်ရောက်မည့် အောက်တိုဘာလနှင့် မိုးစပါးစတင်ပေါ်မည့် နိုဝင်ဘာလအထိ ပြည်တွင်းဆန်ဖူလုံမှုကို ထိန်းကျောင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံသည် အရှေ့တောင်အာရှဒေသတွင်း နိုင်ငံများအနက် အယ်နီညိုရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်ကြောင့် စီးပွားရေးထိခိုက်မှုနှင့် ငွေကြေးဖောင်းပွမှု အမြင့်ဆုံးရင်ဆိုင်ရဖွယ်ရှိနေသည့် နိုင်ငံများစာရင်းတွင် ပါဝင်နေခြင်းဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမျိုးသမီးတစ်ဦး အဝတ်လျှော်နေစဉ် ရုတ်တရက်သေဆုံးမှု လားရှိုးမြို့တွင်ဖြစ်ပွား
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း