ထိုင်းအကျဉ်းထောင်မှာနေထိုင်ရတဲ့ ပထမဆုံးရက်မှာပဲ ဝန်ကြီးချုပ်ဟောင်းသက်ဆင်ကို ဆေးရုံသို့တင်ပို့ခဲ့ရ
ဂျန်ဇက် (NSS) – ဩဂုတ် ၂၃
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ဟာ သြဂုတ် ၂၂ ရက်မှာ ထိုင်းနိုင်ငံကို ပြန်လာခဲ့ပြီးနောက် တစ်ရက်အကြာမှာပဲ အရေးပေါ်ဆေးရုံသို့ တင်ပို့ခဲ့ရကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။
သက်ဆင်ဟာ ပြည်ပြေးအဖြစ်ကနေ ထိုင်းနိုင်ငံကိုပြန်လာခဲ့ပြီးနောက် ထိုင်းအကျဉ်းထောင်ထဲမှာ တစ်ရက်ကြာ နေထိုင်ချိန်အတွင်း နှလုံးရောဂါပြန်ဖြစ်လာတဲ့အတွက် ရဲဆေးရုံကို ချက်ချင်းပို့ဆောင်ပေးခဲ့ရတယ်လို့ ထိုင်းရဲတပ်ဖွဲ့ က ပြောပါတယ်။
ထိုင်းရဲတပ်ဖွဲ့ဟာ ပြည်ပြေးအဖြစ် ပြည်ပမှာ နှစ်ပေါင်း ၁၅ နှစ်ကျော်ကြာ နေထိုင်ခဲ့တဲ့ သက်ဆင်ကို ဆေးရုံတင်ပို့ခဲ့ တယ်လို့ပြောဆိုထားပေမယ့် ကျန်းမာရေးနဲ့ပတ်သက်ပြီး အသေးစိတ်အခြေအနေကို မေးမြန်းတာမျိုး မရှိပါဘူး။ အကျဉ်းထောင်အရာရှိတစ်ဦးက သက်ဆင်ဟာ အကျဉ်းထောင်အတွင်းနေထိုင်ရတဲ့ ပထမဆုံးနေ့မှာ အိပ်မပျော်နိုင် ဘဲ သွေးဖိအားနှုန်းမြင့်တက်လာခဲ့ခြင်းကြောင့် ဆေးရုံကိုတင်ပို့ခဲ့ရကြောင်း ပြောပါတယ်။
ထိုင်းအကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Ayuth Sintoppant က "အကျဉ်းထောင်တာဝန်ရှိသူတွေဟာ သက်ဆင်ကို ပြုစုနေတဲ့ဆရာဝန်တွေ၊ သူနာပြုတွေကို မေးမြန်းခဲ့တယ်။ ဆရာဝန်တွေ၊ သူနာပြုတွေက အကျဉ်းသားဘေးကင်းစေဖို့အတွက် ရဲဆေးရုံတင်ဖို့ အကြံပြုခဲ့တယ်။ သက်ဆင်ကို လက်ရှိအချိန်မှာ လုံခြုံရေးအဖွဲ့ဝင် ၈ ဦး စောင့်ကြပ်နေတယ်" လို့ ပြောပါတယ်။
၎င်းက ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်ဟာ နှလုံး၊ အဆုတ်၊ ကျောရိုးနဲ့ သွေးဖိအားဆိုင်ရာ ကျန်းမာရေးပြဿနာ တွေ ယခင်တည်းက ရှိနေခဲ့သူပါ။ သက်ဆင်ရဲ့အခြေအနေတွေကို အနီးကပ်စောင့်ကြည့်နေတယ်။ အကျဉ်းထောင် မှာက ဆရာဝန်တွေနဲ့ ကုသရေးပစ္စည်းတွေ လုံလောက်မှုမရှိတဲ့အတွက် ဆေးရုံကို တင်ပို့ခဲ့တာမျိုးဖြစ်ပါတယ်" လို့ ပြောပါတယ်။
ထိုင်းတရားရုံးချုပ်ဟာ ထိုင်းနိုင်ငံကို သက်ဆင်ပြန်လာခဲ့ပြီးနောက် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူချိန်အတွင်း အကျင့်ပျက်လာဘ်စားမှု၊ အကျိုးစီးပွားဖန်တီးမှုစတဲ့ စွဲချက်များနဲ့ပတ်သက်ပြီး ထောင်ဒဏ် ၈ နှစ် အမိန့်ချမှတ်ထားကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဘာစီလိုနာလူငယ်ကလပ်နှင့်ယှဉ်ပြိုင်ရန် မြန်မာယူ-၁၂ အသင်း ကစားသမားများ ဂျပန်နိုင်ငံသို့ရောက်ရှိ
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ