ဘာစီလိုနာလူငယ်ကလပ်နှင့်ယှဉ်ပြိုင်ရန် မြန်မာယူ-၁၂ အသင်း ကစားသမားများ ဂျပန်နိုင်ငံသို့ရောက်ရှိ
သန့်ဇင် (NSS) - ဩဂုတ် ၂၃
ဂျပန်နိုင်ငံတွင် ကျင်းပပြုလုပ်မည့် U-12 Junior World Challenge 2023 ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာယူ-၁၂ အသင်းအနေဖြင့် ဂျပန်နိုင်ငံ နာရီဒါလေဆိပ်သို့ ယနေ့ (ဩဂုတ်လ ၂၃ ရက်) နံနက်ပိုင်းတွင် ရောက်ရှိခဲ့ကြောင်း သိရသည်။
မြန်မာယူ-၁၂ အသင်းသည် ယမန်နေ့ (ဩဂုတ်လ ၂၂ ရက်) ညနေပိုင်းမှ စတင်ကာ မြန်မာနိုင်ငံမှ ထွက်ခွါခဲ့ပြီး အုပ်ချုပ်သူနည်းပြ(၇)ဦး၊ ကစားသမား (၁၇)ဦးနှင့်အတူ စုစုပေါင်း (၂၄)ဦး လိုက်ပါလာခဲ့ကြောင်း သိရသည်။
ဂျပန်နိုင်ငံသို့လိုက်ပါလာခဲ့သော ကစားသမားစာရင်းတွင် (ဂိုး)လရောင်လင်း(ရန်ကုန်အကယ်ဒမီ) ဘုန်းထွန်းခန့်(ရန်ကုန်) ၊(နောက်တန်း) မင်းဘုန်းသစ်(ပုသိမ်အကယ်ဒမီ)၊ မြင့်မြတ်သူ(ပုသိမ်အကယ်ဒမီ)၊ ရှင်းပြည့်ကျော်(မကွေး)၊ စိုင်းခမ်းစိုး(မန္တလေးအကယ်ဒမီ)၊ ဝေယံဦး (နေပြည်တော်)၊နေဇင်မင်း(ရန်ကုန်အကယ်ဒမီ)၊ ပရန့်ဒိုဒိုလျန်းထောင်း(မြောက်ဒဂုံ)၊ (အလယ်တန်း)ခွန်မောင်ဘွေ(မြောက်ဥက္ကလာပ)၊ ဇင်မင်းမြတ်သူ(ပြင်ဦးလွင်)၊ အောင်လ(မန္တလေးအကယ်ဒမီ)၊ ရှိုင်းဝင်းထွဋ်(ရန်ကုန်အကယ်ဒမီ)၊ (ရှေ့တန်း) တေဇာဖြိုး(ရန်ကုန်အကယ်ဒမီ)၊ ခွန်ဝေဖြိုး(မန္တလေးအကယ်ဒမီ)၊ အံ့မင်းမြတ်(ရန်ကုန်အကယ်ဒမီ)၊ ခိုင်မြဲခန့် (ပုသိမ်အကယ်ဒမီ) တို့ ပါဝင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် မြန်မာ ယူ-၁၂အသင်း အုပ်ချုပ်သူနည်းပြစာရင်းတွင် ဦးမင်းလှိုင်(အသင်း အုပ်ချုပ်သူ)၊ ဦးမိုးသွင်ထွန်း (အသင်းအတွင်းရေးမှူး)၊ ဦးအောင်ကျော်ဇံ (လက်ထောက် နည်းပြ)၊ ဦးကျော်မင်းမင်းနိုင်(လက်ထောက်နည်းပြ)၊ ဒေါက်တာဖြိုးသက်လှိုင်ဝင်း(အသင်းဆရာဝန်)၊ ဦးဇော်မျိုးနိုင်(အသင်းပြန်ကြားရေ)တို့ ပါဝင်လိုက်ပါခဲ့ကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင် ယူ-၁၂ ကစားသမားများသည် အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ဩဂုတ်လ ၂၄ ရက် မြန်မာစံတော်ချိန် နေ့လည် ၁၂နာရီ ၄၅ မိနစ်တွင် ဘာစီလိုနာအသင်းဖြင့်လည်း ကောင်း၊ အုပ်စုဒုတိယ ပွဲစဉ်ကို ညနေ ၃ နာရီအချိန်တွင် Daiwa House Dream အသင်းဖြင့် လည်းကောင်း၊ အုပ်စု နောက်ဆုံးပွဲစဉ်ကို ဩဂုတ်လ ၂၅ ရက်၊ နေ့လည် ၁၂နာရီ ၄၅မိနစ်တွင် JEF United Chiba U-12 အသင်းဖြင့် လည်းကောင်း အသီးသီးယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဂျပန်နိုင်ငံသို့ သွားရောက်ယှဉ်ပြိုင်သည့် ခရီစဉ်အား AYA Bankမှ ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်းလည်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်(MFF)မှ ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကားဈေးကွက်အတွင်း၌ ကြိုတင်မှာယူထားသည့်ကားအချို့ကို ငွေပြန်အမ်းနေခြင်းကြောင့်ဝယ်ယူသူများ အခက်အခဲဖြစ်နေ
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း