ဂျပန်မှ နျူကလီးယားရေဆိုး ထုတ်လွှတ်တော့မယ့် ရက်နီးကပ်လာတာနဲ့အမျှ ဟောင်ကောင်က ဂျပန်မှ ပင်လယ်စာများ တင်သွင်းမှုအပေါ် ထိန်းချုပ်မှုများ ပြုလုပ်လာ
ရောင်နီ (NSS) - ဩဂုတ် ၂၃
ပျက်စီးနေတဲ့ ဖူကူရှီးမားနျူကလီးယားစက်ရုံမှ ရေဆိုးတွေ ထုတ်လွှတ်မယ့် ဂျပန်နိုင်ငံရဲ့အစီအစဉ်ကို ပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်း ဟောင်ကောင်ခေါင်းဆောင်ဂျွန်လီက အင်္ဂါနေ့ (သြဂုတ်လ ၂၂ ရက်) မှာ ပြော
ဟောင်ကောင်သဘာဝပတ်ဝန်းကျင်နဲ့ ဂေဟဗေဒ အတွင်းရေးမှူး ဆိုင်ချင်ဝမ် က အဆိုပါ ရေဆိုးထဲမှာ ရေဒီယိုသတ္တိကြွဒြပ်စင်တွေဖြစ်ပေါ်နိုင်တဲ့အန္တရာယ်ရှိတာကြောင့် အဆိုပါအစီအစဉ်ကို ကန့်ကွက်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
လုပ်ငန်းစဉ်အတွင်း မတော်တဆမှုတွေဖြစ်ပေါ်ခဲ့ရင် ဖြစ်ပေါ်လာနိုင်တဲ့ ဆိုးရွားတဲ့ ဂေဟစနစ် ပျက်စီးမှုကို အသိအမှတ်ပြုတဲ့ အနေနဲ့ ကြာသပတေးနေ့(သြဂုတ်လ ၂၄ ရက်) မှ စ ဂျပန်စီရင်စု ၁၀ ခုမှ ပင်လယ်စာထုတ်ကုန်များ တင်သွင်းခြင်းကို တားမြစ်သွားမှာ ဖြစ်တယ်လို့ ၎င်းက ကြေညာခဲ့ပါတယ်။
တရားဝင် တားမြစ်ချက်ကိုတော့ ဗုဒ္ဓဟူးနေ့ (သြဂုတ်လ ၂၃ ရက်) ပြန်တမ်းမှာ ထုတ်ပြန်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင်၊ ဖူကူရှီးမားနျူကလီးယား မတော်တဆမှုအပြီး ဂန်မာ အပါအဝင် အခြားစီရင်စုငါးခုအပေါ်ချမှတ်ထားတဲ့ကန့်သတ်ချက်တွေကိုလည်း ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
အစိုးရဟာ အစားအသောက် စမ်းသပ်မှုရလဒ်တွေနဲ့ပတ်သတ်ပြီး ဓာတ်ရောင်ခြည်ည်ပမာဏဆိုင်ရာ နေ့စဉ်အစီရင်ခံစာတွေ ထုတ်ပြန်ဖို့လည်း စီစဉ်ထားပါတယ်။
ရေဆိုးစွန့်ထုတ်မှုအစီအစဉ်ကို ပြင်းပြင်းထန်ထန်ကန့်ကွက်သူ အမှုဆောင်အရာရှိချုပ် ဂျွန်လီက ဂျပန်စီရင်စု ၁ဝ ခုမှ ပင်လယ်စာတင်သွင်းခွင့်ကန့်သတ်ချက်ကို အမြန်ဆုံး အကောင်အထည်ဖော်ဖို့ သက်ဆိုင်ရာအာဏာပိုင်တွေကို တိုက်တွန်းခဲ့ပြီး အနှစ် ၃ဝ ကြာ ဆက်လက်တည်ရှိနေမယ့် မကြုံစဖူး စွန့်ပစ်မှုပမာဏနဲ့ အစားအစာဘေးကင်းရေးနဲ့ ပတ်ဝန်းကျင်အတွက် အလားအလာရှိတဲ့ အန္တရာယ်တွေအတွက် စိုးရိမ်ကြောင်း ဖေ့ဘုတ်ပိုစ့်တစ်ခုနဲ့ ဖော်ပြခဲ့ပါတယ်။
ဟောင်ကောင်နိုင်ငံသားတွေရဲ့ကျန်းမာရေးကိုကာကွယ်ဖို့နဲ့ အစားအသောက်ဘေးကင်းစေဖို့ဟာ အစိုးရရဲ့တာဝန်ဖြစ်တယ်လို့ ၎င်းက အလေးပေးပြောကြားခဲ့ပါတယ်။
ဂျပန်ပင်လယ်စာတွေ တင်သွင်းခွင့် ပိတ်ပင်လိုက်ခြင်းမှာ အလတ်စား အေးခဲ အစားအစာများ၊ အခြောက်လှန်း ပင်လယ်စာများအပြင် ပင်လယ်ဆားနဲ့ ပင်လယ်ရေမှော်များ အပါအဝင် ရေထွက်ကုန်ပစ္စည်း အများအပြား အကျုံးဝင်မှာဖြစ်တယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၂၀၂၄ ခုနှစ်၌ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်လျှောက်လွှာများကို လာမည့် စက်တင်ဘာလ(၁)ရက်မှစ၍ ရောင်းချပေးမည်
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ