၂၀၂၄ ခုနှစ်၌ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်လျှောက်လွှာများကို လာမည့် စက်တင်ဘာလ(၁)ရက်မှစ၍ ရောင်းချပေးမည်
မျိုးကြီး (NSS) - သြဂုတ် ၂၃
၂၀၂၄ ခုနှစ်၌ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်လျှောက်လွှာများကို လာမည့် စက်တင်ဘာလ(၁)ရက်မှစတင်၍ ရောင်းချပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ကြေညာလိုက်သည်။
အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာ တစ်စောင်လျှင် ငွေကျပ်(၂၀၀)နှင့် စာမေးပွဲဝင်ကြေးအတွက် ငွေကျပ် (၇၀၀)တန်ဖိုးရှိ ပညာရေးဝန်ကြီးဌာန၊ ငွေသွင်းတံဆိပ်ခေါင်းများကို စက်တင်ဘာလ (၁)ရက်နေ့မှစတင်ကာ ရောင်းချပေးမည်ဖြစ်သည်။
စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာ တင်သွင်းရာတွင် ဖြေဆိုမည့် ဘာသာတွဲအလိုက် အစိမ်းရောင်နှင့် ပန်းရောင်ဖြေဆိုခွင့် လျှောက်လွှာ၊ ကတ်ပြားပုံစံဖြင့် အရောင်နှစ်မျိုးခွဲခြားသတ်မှတ်ထားကြောင်း သိရသည်။
စနစ်ဟောင်း နဝမတန်း(Grade-10)အောင်မြင်ပြီး အကြောင်းအမျိုးမျိုးကြောင့် စနစ်ဟောင်းတက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုခြင်း မရှိခဲ့သူများနှင့် စနစ်ဟောင်း ဒသမတန်း (Grade-11) တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးသူများကို ပြင်ပဖြေအဖြစ် ဖြေဆိုခွင့်ပေးမည်ဟု စာစစ်ဦးစီးဌာနက အသိပေးထားသည်။
ထို့ကြောင့် ပြင်ပဖြေဆိုရန် လျှောက်လွှာတင်သွင်းသူများ၏ စာမေးပွဲဝင်ကြေးအတွက် သက် ဆိုင်ရာမြို့နယ်ပညာရေးမှူးရုံးများ၌ စာမေးပွဲဝင်ကြေး (၇၀၀)ကျပ်တန် ငွေသွင်းတံဆိပ် ခေါင်းများဝယ်ယူကာ ဝင်ခွင့်လျှောက်လွှာတွင်ကပ်၍ သက်ဆိုင်ရာမြို့နယ်ပညာရေးမှူးရုံး၌ စက်တင်ဘာလ(၁)ရက်မှ စက်တင်ဘာလ(၂၉)ရက်အတွင်း တင်သွင်းရမည်ဖြစ်သည်။
ထို့ပြင် အခြေခံပညာအထက်တန်းကျောင်းများ၊ ကျောင်းခွဲများ၊ တွဲဖက်ကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှဖြေဆိုရန် လျှောက်လွှာတင်သွင်းမည့် ကျောင်းသား၊ ကျောင်းသူများ၏လျှောက်လွှာများကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာနသို့ သတ်မှတ်ရက်အမီ တင်သွင်းရမည်ဟု အသိပေးထားသည်။
တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်လျှောက်လွှာများကို သတ်မှတ်ရက်များအတွင်း အချိန်မီပေးပို့ခြင်းမရှိသော ကျောင်းသား၊ ကျောင်းသူများသည် စာမေးပွဲဖြေဆိုခွင့် ရရှိမည်မဟုတ်ကြောင်းလည်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ကြေညာထားသည်။
၎င်းစာမေးပွဲအတွက် လျှောက်လွှာပုံစံများနှင့် ငွေသွင်းတံဆိပ်ခေါင်းများကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာန(ရုံးချုပ်)၊ နေပြည်တော်နှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၊ ရန်ကုန်(ရုံးခွဲ)တို့တွင်လည်း လာရောက်ဝယ်နိုင်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်းအကျဉ်းထောင်မှာနေထိုင်ရတဲ့ ပထမဆုံးရက်မှာပဲ ဝန်ကြီးချုပ်ဟောင်းသက်ဆင်ကို ဆေးရုံသို့တင်ပို့ခဲ့ရ
RELATED POSTS
20 Nov 2024 | ပညာရေး,ပြည်တွင်း
11 Nov 2024 | ပညာရေး,ပြည်တွင်း
13 Sep 2024 | ပညာရေး,ပြည်တွင်း
07 Sep 2024 | ပညာရေး,ပြည်တွင်း