ထိုင်းနိုင်ငံ၌ အကြောင်းအမျိုးမျိုးဖြင့် ဖမ်းဆီးခံခဲ့ရသော မြန်မာနိုင်ငံသား(၁၅၀၀)ကျော်ကို ပြန်လည်လက်ခံကြိုဆိုခဲ့ဟု အလုပ်သမားဝန်ကြီးဌာနဆို
ယွန်း (NSS) - သြဂုတ် ၂၁
ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံထားရသည့် မြန်မာအလုပ်သမား (၁၅၀၀)ကျော်ကို ပြီးခဲ့သည့် ဇူလိုင်လက ပြန်လည်လက်ခံခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာန၏ သတင်းအချက်အလက်များအရ သိရသည်။
ဝန်ကြီးဌာနအနေဖြင့် Compliant Mechanism Center များ၊ မြို့နယ်အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးများအပါအဝင် ရွှေ့ပြောင်းအလုပ်သမား ထောက်ပံ့ကူညီပေးရေး ဗဟိုဌာနများ၊ အလုပ်သမားသံအရာရှိရုံးများနှင့် ဝန်ကြီးဌာနသို့ အလုပ်သမားရေးရာတိုင်ကြားမှုများအပေါ် လက်ခံဖြေရှင်းပေးလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လအတွင်း စုစုပေါင်း တရားစွဲဆိုမှု (၂)မှု၌ တရားစွဲဆိုခံရသူ(၂)ဦးရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရသည့် မြန်မာအလုပ်သမားများကို တရား ဝင်ပြန်လည်လွှဲပြောင်းပေးခြင်းအား သက်ဆိုင်ရာနယ်စပ်ဂိတ်များတွင် ကော်မတီများဖွဲ့စည်း၍ ပြန်လည်ကြိုဆိုလက်ခံလျက်ရှိရာ ဇူလိုင်လအတွင်း အမျိုးသား(၁၁၇၀) ဦး၊ အမျိုးသမီး (၃၆၈) ဦး စုစုပေါင်း (၁၅၃၈) ဦးတို့ကို ဝန်ကြီးဌာနမှ ပြန်လည်ကြိုဆိုလက်ခံခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
အလုပ်သမားညွှန်ကြားရေးဦးစီးဌာနအနေဖြင့် ပြည်တွင်းအလုပ်သမားခန့်ထားမှုနှင့်ပတ်သက်၍ ၁၉၅၉ ခုနှစ်၊ အလုပ်ခန့်ထားမှုကန့်သတ်ရေးအက်ဥပဒေနှင့်အညီ အလုပ်ရှာဖွေသူများ၏ ပညာအရည်အချင်း၊ ကျွမ်းကျင်မှုနှင့် အလုပ်လုပ်ကိုင်နိုင်စွမ်းပေါ်မူတည်၍ အလုပ်ရှင်များ၏ လိုအပ်ချက်အရ သင့်လျော် သူများကို ရွေးချယ်ခန့်အပ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် တည်ဆဲအလုပ်သမားဥပဒေများတွင် သန်စွမ်းသူ၊ မသန်စွမ်းသူ၊ ကျား/မခွဲခြားမှုမရှိဘဲ၊ မြို့ပြ/ကျေးလက်မကျန် အလုပ်အကိုင်နေရာချထားရေး၊ လုပ်ငန်းခွင်အေးချမ်းသာယာရေးတို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
အလားတူ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနအနေဖြင့် ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်(၁၅)ခုတွင် အလုပ်အကိုင်နှင့်အလုပ်သမားရှာဖွေရေးရုံး (၈၉)ရုံး၊ အထူးစီးပွားရေးဇုန် ရုံး (၃)ရုံး ဖွင့်လှစ်ထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လူမနေသည့် အိမ်၌မီးလောင်မှုဖြစ်ပွားခဲ့ရာမှ နှစ်ထပ်နေအိမ်(၂)လုံး မီးလောင်ပျက်စီးမှု ရေနံချောင်းမြို့တွင် ဖြစ်ပွား
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း