လူမနေသည့် အိမ်၌မီးလောင်မှုဖြစ်ပွားခဲ့ရာမှ နှစ်ထပ်နေအိမ်(၂)လုံး မီးလောင်ပျက်စီးမှု ရေနံချောင်းမြို့တွင် ဖြစ်ပွား
စော (NSS) - ဩဂုတ် ၂၁
မကွေးတိုင်း၊ ရေနံချောင်းမြို့တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ နှစ်ထပ်အိမ်နှစ်လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဩဂုတ်လ ၂၀ ရက်)၊ မွန်းလွဲ (၁)နာရီခွဲ ဝန်းကျင်အချိန်တွင် ရေနံချောင်းမြို့နယ်၊ မြေနီခင်တောင်ရပ်ကွက်၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရေနံချောင်းမြို့နယ်ကြက်ခြေနီအသင်းထံမှ သိရသည်။
“မီးစလောင်တဲ့အိမ်က ဝယ်ထားပြီး သော့ခတ်ထားတာပါ။ သော့ခတ်ထားတဲ့အိမ်က လူလုံးဝမနေဘူး။ လူမနေတဲ့အိမ်က စလောင်တယ်။ သူရှေ့ဘက်အိမ်ကို ကူးသွားတယ်။ ဘာကြောင့်လောင်တာလဲတော့ မသိဘူး။ (၁၅)မိနစ်လောက်ပဲကြာပါတယ်”ဟု ရေနံချောင်းမြို့နယ်ကြက်ခြေနီအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
မီးလောင်မှုကြောင့် ထိခိုက်သေဆုံးမှုမရှိခဲ့သော်လည်း နှစ်ထပ်နေအိမ်နှစ်လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
အလားတူ ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊(၇)ရပ်ကွက်တွင် ပြီးခဲ့သည့် (ဩဂုတ်လ ၁၉ ရက်)၊ မွန်းလွဲ (၁)နာရီအချိန်ကလည်း စိတ်ကျန်းမာရေးမကောင်းသူက မိမိအိမ်ကိုမီးရှို့ရာမှ နေအိမ် (၄)လုံးမီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဘရာဇီးနိုင်ငံတွင် ဘောလုံးပရိသတ်များတင်ဆောင်လာသော ဘတ်စ်ကားတစ်စီးတိမ်းမှောက်ခဲ့ပြီး အနည်းဆုံး လူ(၇)ဦး သေဆုံး
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း