ဝက်ကျောက်ကပ်ကို လူသားခန္ဓာကိုယ်ထဲ အစားထိုးကုသမှု ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်နိုင်တော့မယ်လို့ဆို
ရောင်နီ (NSS) - သြဂုတ် ၁၈
အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ ဝက်ရဲ့ကျောက်ကပ်ကို ကျောက်ကပ်ရောဂါခံစားနေရတဲ့ လူနာရဲ့ ခန္ဓာကိုယ် ထဲ ထည့်သွင်း ကုသမှုအောင်မြင်ခဲ့ပြီး ကျန်းမာရေးအခြေအနေတွေ ပိုမိုကောင်းမွန်လာတာကို တွေ့ရှိလာရတာ ကြောင့် အနာဂါတ်မှာ ဝက်ရဲ့ကျောက်ကပ်နဲ့ အစားထိုးကုသမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်လာနိုင်တော့မယ်လို့ ယူဆရပါတယ်။
နယူးယောက်မှာ အသက် ၅ဝ နှစ်အရွယ် အမျိုးသားဟာ ပြင်းထန်တဲ့ကျောက်ကပ်ရောဂါ နောက်ဆုံးအဆင့် ခံစားနေရပြီး ဝက်ရဲ့ကျောက်ကပ်နဲ့ အစားထိုးကုသမှုပြုလုပ်ပြီးနောက် မကြာမီ ၎င်းရဲ့ကိုယ်တွင်းအင်္ဂါတွေမှ ဆီး တွေ ပြန်ထွက်လာခဲ့ကြောင်း နယူးယောက်ရှိ NYU Langone Health မှ သုတေသီတွေက ဗုဒ္ဓဟူးနေ့ (သြဂုတ်လ ၁၅ ရက်) မှာ ပြောကြားခဲ့ပါတယ်။
အစားထိုး ကုသမှုကို လွန်ခဲ့တဲ့တစ်လကျော်က လုပ်ဆောင်ခဲ့တာဖြစ်ပြီး အခုထိ အစားထိုးထားတဲ့ ကျောက်ကပ်ဟာ ဆက်လက်အလုပ်လုပ်နေကြောင်း ၎င်းတို့က ဗုဒ္ဓဟူးနေ့ (သြဂုတ်လ ၁၆ ရက်) မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
အဆိုပါ အစားထိုးကုသမှုဟာ လူ့ကိုယ်တွင်းအင်္ဂါတွေမှာ တိရစ္ဆာန်အင်္ဂါ ထည့်သွင်းအစားထိုး ကုသမှု ပြုလုပ်နိုင်ဖို့ အတွက် သိပ္ပံပညာရှင်တွေရဲ့နောက်ဆုံးပေါ် အောင်မြင်မှုဖြစ်ပါတယ်။ အမေရိကန်မှာ လူသန်း ၄ဝ နီးပါးဟာ နာတာရှည် ကျောက်ကပ်ရောဂါခံစားနေရပြီး နေ့စဉ် လူ ၁၇ ဦးခန့်ဟာ ကိုယ်တွင်းအင်္ဂါ အစားထိုးကုသဖို့ စောင့်ဆိုင်းနေကြရတယ်လို့ အမျိုးသားကျောက်ကပ်ဖောင်ဒေးရှင်းမှ ဖော်ပြချက်အရ သိရပါတယ်။
Xenotransplant လို့ ခေါ်တဲ့ အဆိုပါစမ်းသပ်မှု လုပ်ထုံးလုပ်နည်းဟာ "အသက်အန္တရာယ်ရှိ ရောဂါနဲ့ ရင်ဆိုင်နေရ တဲ့လူတွေအတွက် အစားထိုးအင်္ဂါတွေ ထောက်ပံ့မှုဖို့ အလားအလာရှိတဲ့ နောက်ထပ် အရေးကြီးတဲ့ ခြေလှမ်းတစ်ခု ဖြစ်တယ်" လို့ ဆေးဘက်ဆိုင်ရာစင်တာမှ ထုတ်ပြန်ခဲ့ပါတယ်။
ဝက်ရဲ့ကိုယ်တွင်းအင်္ဂါဟာ ၎င်းကို လူခန္ဓာကိုယ်မှာ ပိုမိုလက်ခံနိုင်စေဖို့ မျိုးဗီဇပြုပြင်မှုတွေလည်း ပြုလုပ်ခဲ့ရသေးတယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မီးပူတိုက်နေစဉ် ဝါယာရှော့ဖြစ်ရာမှ နေအိမ်တစ်လုံးမီးလောင်ပျက်စီးမှု မော်လမြိုင်မြို့တွင်ဖြစ်ပွား
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ