မီးပူတိုက်နေစဉ် ဝါယာရှော့ဖြစ်ရာမှ နေအိမ်တစ်လုံးမီးလောင်ပျက်စီးမှု မော်လမြိုင်မြို့တွင်ဖြစ်ပွား
သန့်ဇင်(NSS) - ဩဂုတ် ၁၈
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ နေအိမ်တစ်လုံးတွင် လျှပ်စစ်မီးပူဖြင့် မီးပူတိုက်နေစဉ် ဝါယာရှော့ဖြစ်ရာမှ လူနေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုသည် ယမန်နေ့ (ဩဂုတ်လ ၁၇ ရက်)၊ ည ၈နာရီခွဲအချိန်ခန့်တွင် မော်လမြိုင်မြို့၊ မုပွန်ရပ်ကွက်၊ အိုးရုံလမ်းရှိ နေအိမ်တစ်လုံးတွင်ဖြစ်ပွားခဲ့ကြောင်း အေးမြကြည်လင်လူမှုကူညီရေးအသင်းထံမှ သိရသည်။
"လျှပ်စစ်မီးကစလောင်တာလို့တော့ပြောတယ်။ မီးပူတိုတ်နေရင်းကနေ ဝါယာရှော့ဖြစ်ပြီးတော့ လောင်တယ်လို့တော့ပြောတယ်"ဟု အေးမြကြည်လင်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါမီးလောင်မှုတွင် လူထိခိုက်မှုမရှိခဲ့သော်လည်း လူနေအိမ်တစ်လုံး မီးလောင်ပျက်စီးဆုံးရှုံးသွားခဲ့ကြောင်း သိရသည်။
"ပျက်စီးဆုံးရှုံးမှုကတော့ အိမ်တစ်အိမ်တော့ပါသွားတယ်။ အခြားလူထိခိုက်မှုတော့မရှိပါဘူး။ ရပ်ကွက်က လူတွေ ဝိုင်းငြှိမ်းသတ်ပေးတော့ အခြားတော့မီးမကူးပါဘူး"ဟု ၎င်းကဆက်လက်ပြောသည်။
၎င်းမီးလောင်မှုတွင် မော်လမြိုင်မီးသတ်တပ်ဖွဲ့၊ လူမှုကူညီရေးအသင်းများနှင့် ရပ်ကွက်နေပြည်သူများက ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ ည ၉နာရီခွဲအချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်နိုင်ငံသားများကို အဖွဲ့လိုက်ခရီးသွားလာမှုခွင့်ပြုသည့် နိုင်ငံများအတွင်း မြန်မာပါဝင်လာ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း