သံရုံးအမည်ဖြင့် ဖေဘုတ်အကောင့်တုများကို အသုံးပြုကာ လိမ်လည်အမြတ်ထုတ်နေသူများအားဖော်ထုတ်အရေးယူမည်ဟု မလေးရှားရှိ မြန်မာသံရုံးအသိပေး
စော (NSS) - ဩဂုတ် ၁၆
မြန်မာသံရုံးအမည်ဖြင့် ဖေ့ဘုတ်အကောင့်တုများကို အသုံးပြုကာ လိမ်လည်အမြတ်ထုတ်နေသူများအားဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးက ယခုရက်ပိုင်းအတွင်း အထက်ပါကဲ့သို့ အသိပေး ကြေညာထားခြင်းဖြစ်သည်။
ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးသည် ရက်ချိန်းယူထားသော မြန်မာနိုင်ငံသားများအား နိုင်ငံကူးလက်မှတ်များထုတ်ပေးသည့် နေ့ရက်များကို Facebook နှင့် Website များ၌ ကြေညာပေးလျက်ရှိကြောင်း သိရသည်။
ထို့ကြောင့် မြန်မာနိုင်ငံသားများကို လိမ်လည်အမြတ်ထုတ်လိုသူများက မြန်မာသံရုံး၏ Facebook အတုများနှင့် မြန်မာသံရုံး၏အမည်ကို အသုံးပြုကာ နိုင်ငံကူးလက်မှတ်များ ဆောင်ရွက်ပေးသည်ဟု မမှန်ကန်သည့် ရေးသား/ပြောကြားချက်များ ဖြန့်ဝေနေသည်ကို တွေ့ရှိရကြောင်း ထုတ်ပြန်ထားသည်။
အဆိုပါ လူမှုကွန်ယက်စာမျက်နှာများသည် ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးနှင့် လုံးဝသက်ဆိုင်မှုမရှိကြောင်းနှင့် ၎င်းတို့နှင့်ပတ်သတ်သည့် ကိစ္စအရပ်ရပ်ကို တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။
ထို့ပြင် မြန်မာနိုင်ငံသားများအား လိမ်လည်လှည့်ဖျားနေသည့် ပုဂ္ဂိုလ်များ၊ Facebook အကောင့် ပိုင်ရှင်များနှင့် ၎င်းတို့နှင့်ဆက်သွယ်ဆောင်ရွက်နေသူများကို ဥပဒေနှင့်အညီ စုံစမ်းဖော်ထုတ်အရေးယူ ဆောင် ရွက်သွားမည်ဖြစ်ကြောင်း မြန်မာသံရုံးမှ အသိပေးထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများတွင် လုပ်ကိုင်နေသည့်လုပ်ငန်းများကို ပိတ်ပစ်မည်ဟု ဂျော့ဆိုးရော့စ်ပြော
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း