ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများတွင် လုပ်ကိုင်နေသည့်လုပ်ငန်းများကို ပိတ်ပစ်မည်ဟု ဂျော့ဆိုးရော့စ်ပြော
Pika (NSS) - ဩဂုတ် ၁၆
ဘီလျံနာသူဋ္ဌေးကြီးဂျော့ဆိုးရော့စ်၏ Open Society Foundations သည် ၎င်း၏ အီးယူအခြေစိုက် လုပ်ငန်း ဆောင်ရွက်မှုများနှင့် အခြားနေရာများတွင် ရန်ပုံငွေကြေးထောက်ပံ့မှုများကို ပိတ်ပစ်သွားမည်ဖြစ်ကြောင်း သတင်းရင်းမြစ်များကို ကိုးကား၍ ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။
ဝန်ထမ်းများထံ ပေးပို့ထားသော အီးမေးလ်တွင် "အီးယူအတွင်းမှာရှိတဲ့ ကျွန်တော်တို့ရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေ ကို ပိတ်သွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့အာရုံစူးစိုက်မှုနဲ့ ထောက်ပံ့မှုတွေကို ကမ္ဘာကြီးရဲ့ အခြားအစိတ်အပိုင်း တွေကို ခွဲဝေပေးသွားမှာပါ" ဟု ရေးသားထားသည်။
Open Society Foundation သည် ယူကရိန်း၊ မော်လ်ဒိုဗာ နှင့် အနောက်ဘော်လ်ကန်ဒေသများ အပါအဝင် ဥရောပ တွင် ထောက်ပံ့ကြေးအချို့ကို ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦး က ပြောကြားခဲ့သည်။ အဆိုပါထောက်ပံ့ကြေးများကို နိုင်ငံတော်အဆင့်ရှိ ဖောင်ဒေးရှင်းများသို့ ပေးအပ်သွားမည်ဖြစ် ကြောင်း ၎င်းက ပြောခဲ့သည်။
ဂျော့ဆိုးရော့စ်သည် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများနှင့် LGBTQ လိုလားသော အဖွဲ့အစည်းများကို ငွေကြေး ထောက်ပံ့မှုများဖြင့် ဥရောပသမဂ္ဂတွင် လူသိများကြောင်း သိရသည်။ ဟန်ဂေရီအစိုးရသည် ဂျော့ဆိုးရော့စ်၏ လုပ်ရပ်များကို ရပ်တန့်စေမည့် 'Stop Soros' ဥပဒေကို အတည်ပြုခဲ့ပြီးနောက် ၎င်း၏ Open Society Foundations သည် ၂ဝ၁၈ ခုနှစ်တွင် ဘူဒါပတ်စ်မြို့ရှိ ဌာနချုပ်ကို ဘာလင်သို့ ပြောင်းရွှေ့ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ်များအတွင်း ဂျော့ဆိုးရော့စ်သည် တရုတ်နိုင်ငံ၏ ကွန်မြူနစ်အစိုးရအပေါ် ဝေဖန်မှုများကို လုပ်ဆောင် ခဲ့ပြီး တရုတ်နိုင်ငံတွင် အစိုးရအပြောင်းအလဲများ လုပ်ရန်အတွက် တောင်းဆိုချက်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ တရုတ်သမ္မတရှီကျင့်ဖျင်ကို ရာထူးမှဖြုတ်ချခြင်းသည် လူ့အဖွဲ့အစည်းများကြုံတွေ့နေရသည့် အကြီးမားဆုံး ခြိမ်းခြောက်မှုများကို ဖယ်ရှားပေးနိုင်မည်ဖြစ်ကြောင်း ဂျော့ဆိုးရော့စ်က ပြောကြားခဲ့သည်။
Open Society Foundations ကို မတည်ထောင်မီ ၁၉၈ဝ ခုနှစ်ခန့်က ဂျော့ဆိုးရော့စ်သည် တရုတ်နိုင်ငံရှိ အနောက်တိုင်းလိုလားသူအုပ်စုများကို ငွေကြေးထောက်ပံ့မှုများ လုပ်ဆောင်ခဲ့ဖူးကြောင်း သိရသည်။ ထို့အပြင် Open Society Foundations သည် အရှေ့အာရှသို့ နောက်တစ်ကြိမ်အာရုံစူးစိုက်မှု ရှိ/မရှိ ဆိုသည့်အချက်မှာ ဂျော့ဆိုးရော့စ်၏ သားဖြစ်သူ အဲလက်စ်ဆိုးရော့စ်အပေါ်မူတည်ကြောင်း သိရသည်။
အသက်(၃၇)နှစ်အရွယ်ရှိ အဲလက်စ်ဆိုးရော့စ်သည် Open Society Foundations ကို အသက်(၉၃)နှစ် အရွယ်ရှိ ပြီဖြစ်သည့် ၎င်း၏ ဖခင်ထံမှ လွှဲပြောင်းရယူသွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့်ဇွန်လတွင် ထုတ်ပြန်ကြေညာခဲ့သည်။ လာမည့်နှစ် သမ္မတရွေးကောက်ပွဲတွင် သမ္မတဟောင်း ဒေါ်နယ်ထရမ့်အနိုင်မရရှိစေရန်အတွက် ဒီမိုကရက်တစ် နိုင်ငံရေးသမားများ၊အစိုးရ ရှေ့နေများ နှင့် တက်ကြွလှုပ်ရှားသူများကို ငွေကြေးများထောက်ပံ့ရန် ရည်ရွယ်ထား ကြောင်း အဲလက်စ်ဆိုးရော့စ်က ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
2023 UCI World Championships ဆုဖလားပေးပွဲတွင် ဈေးကြီးသော အဆင့်မြင့်နာရီ(၂)လုံးကို လက်ခံရရှိခဲ့တဲ့ မသန်စွမ်း စက်ဘီးစီးသမား
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ