အမေရိကန်နိုင်ငံ အခက်အခဲဖြစ်နေချိန်တွင် သမ္မတက ယူကရိန်းအရေးကိုသာ ဦးစားပေးလုပ်ဆောင်နေဟု လွှတ်တော်အမတ်ဟောင်းတစ်ဦးဝေဖန်
Pika (NSS) - ဩဂုတ် ၁၅
အမေရိကန်နိုင်ငံက အခက်အခဲဒုက္ခများဖြစ်ပွားနေချိန်တွင် အမေရိကန်သမ္မတဂျိုးဘိုင်ဒန်သည် ယူကရိန်းကို ကူညီထောက်ပံ့ပေးရန်အတွက် အမေရိကန်ဒေါ်လာ(၂၄)ဘီလျံကို ထပ်မံတောင်းဆိုနေကြောင်း တက္ကဆက်ပြည်နယ်လွှတ်တော်အမတ်ဟောင်း ရွန်ပေါလ်က ဝေဖန်ပြစ်တင်လိုက်သည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း အမေရိကန်နိုင်ငံ ဟာဝိုင်အီကျွန်းတွင် ဖြစ်ပွားခဲ့သော တောမီးလောင်ကျွမ်းမှုကြောင့် ကြီးမားသော ပျက်စီးဆုံးရှုံးမှုများကို ရွန်ပေါလ်က ထောက်ပြပြောဆိုခြင်းဖြစ်ကြောင်းလည်း သိရသည်။
၎င်းက "ဟာဝိုင်အီကျွန်း Maui ဒေသမှာ တောမီးလောင်ကျွမ်းမှုကြောင့် ကြီးမားတဲ့ပျက်စီးဆုံးရှုံးမှုတွေရှိခဲ့ပါတယ်။ ဒါပေမယ့် အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာ ယူကရိန်းကို ကူညီထောက်ပံ့ဖို့အတွက် နောက် ထပ် အမေရိကန်ဒေါ်လာ(၂၄)ဘီလျံလိုအပ်နေတယ်လို့ လွှတ်တော်ကို ပြောကြားခဲ့ပါတယ်။ အမေရိကန်နိုင်ငံက အခက်အခဲတွေကြုံနေရချိန်မှာ ကျွန်တော်တို့ရဲ့ အကျိုးစီးပွားမဟုတ်တဲ့ ဒီကျရှုံးတဲ့စစ်ပွဲအတွက် ကူညီထောက်ပံ့ပေးနေတဲ့ အမေရိကန်ဒေါ်လာဘီလျံပေါင်းများစွာကို အမေရိကန်အစိုးရက ဘယ်လိုတရားမျှတအောင် လုပ်ဆောင်ပေးမလဲဆိုတာကို သိချင်ပါတယ်။ ဒီလိုကျရှုံးနေတဲ့ စစ်ပွဲအပေါ် ပိုက်ဆံတွေ ထပ်မံကူညီပံ့ပိုးပေးတာက အမေရိကန်နိုင်ငံမှာ ဒေဝါလီခံရတာမျိုးတွေရှိလာစေပြီး ယူကရိန်းနိုင်ငံသားတွေကို ပိုမိုသေဆုံးစေတာမျိုးပဲဖြစ်စေမှာပါ"ဟု ပြောဆိုခဲ့သည်။
တက္ကဆက်ပြည်နယ်လွှတ်တော်အမတ်ဟောင်း ရွန်ပေါလ်သည် လွှတ်တော်တွင် (၂၃)နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး သမ္မတရာထူးအတွက် သုံးကြိမ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးကြောင်းသိရသည်။ ပြီးခဲ့သည့်သီတင်းပတ်က ဟာဝိုင်အီကျွန်း Maui ဒေသတွင် တောမီးလောင်ကျွမ်းမှုဖြစ်ပွါးခဲ့ကာ လက်ရှိအချိန်အထိ သေဆုံးသူဦးရေမှာ အနည်းဆုံး(၉၆)ဦးရှိပြီး အနည်းဆုံးလူ(၁၀၀၀)ကျော်ပျောက်ဆုံးနေဆဲဖြစ်ကြောင်းသိရသည်။
ဟာဝိုင်အီပြည်နယ်အုပ်ချုပ်ရေးမှူး Josh Green က "ဒါဟာ ကျွန်တော်တို့ကြုံဖူးသမျှထဲမှာ အကြီးမားဆုံး သဘာဝဘေးအန္တရာယ်တစ်ခုပါပဲ။"ဟု ပြောဆိုခဲ့သည်။ တောမီးလောင်ကျွမ်းမှုကြောင့် ပျက်စီးသွားသော နေအိမ်များ၏ ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ(၆)ဘီလျံခန့်ရှိကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လာမည့်ပွဲစဉ်များတွင် ခြေစွမ်းပိုင်း ယခုထက်ပိုမိုကောင်းမွန်အောင်ကြိုးစားရန် ကစားသမားများကို တိုက်တွန်းလိုက်သည့် မန်ယူနည်းပြ
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း