လာမည့်ပွဲစဉ်များတွင် ခြေစွမ်းပိုင်း ယခုထက်ပိုမိုကောင်းမွန်အောင်ကြိုးစားရန် ကစားသမားများကို တိုက်တွန်းလိုက်သည့် မန်ယူနည်းပြ
Pika (NSS) - ဩဂုတ် ၁၅
မန်ယူအသင်းသည် ဩဂုတ်လ(၁၄)ရက် ညနေပိုင်းက ဝုဖ်အသင်းနှင့်ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် အနိုင်ရရှိပြီးနောက် မန်ယူနည်းပြတန်ဟက်က ၎င်း၏အသင်းကစားသမားများသည် လာမည့်ပွဲစဉ်များတွင် ယခုထက်ခြေစွမ်းပိုမိုကောင်းမွန်အောင် ကစားသွားရမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
မန်ယူအသင်း နောက်တန်းကစားသမားဗာရန်းသည် ပွဲချိန်(၇၆)မိနစ်တွင် အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပြီးနောက် (၁)ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ မန်ယူအသင်းကစားသမားများသည် ဝုဖ်အသင်းနှင့်ကစားခဲ့သည့်ပွဲတွင် အကောင်းဆုံးခြေစွမ်းပြကစားနိုင်ခြင်းမျိုးမရှိခဲ့ကြောင်း နည်းပြတန်ဟက်က ဝန်ခံပြောဆိုခဲ့ကြောင်းသိရသည်။ သို့သော်လည်း မန်ယူအသင်းသို့ မကြာသေးမီကရောက်ရှိလာကာ ပွဲဦးထွက်ကို အကောင်းဆုံးကစားပေးနိုင်ခဲ့သော ဂိုးသမားအန်ဒရေအိုနာနာကို နည်းပြတန်ဟက်က ချီးကျူးခဲ့ကြောင်းသိရသည်။
မန်ယူနည်းပြတန်ဟက်က "ကျွန်တော်တို့ ဒီထက်ပိုပြီး အများကြီးပိုကောင်းလာနိုင်ပါတယ်။ ဒီထက်ပိုကောင်းအောင် ကစားနိုင်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဝုဖ်အသင်းကို အနိုင်ရရှိခဲ့တဲ့အတွက်လည်း စိတ်ကျေနပ်မိပါတယ်။ ဝုဖ်အသင်းဟာ အကောင်းဆုံးခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။ လာမယ့်ပွဲစဉ်မှာ ဒီထက်ပိုပြီးကောင်းအောင် ကစားနိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ဝုဖ်နဲ့ ကစားခဲ့တဲ့ပွဲမှာ ဂိုးသမား အန်ဒရေအိုနာနာဟာ ကန်သွင်းတဲ့ဂိုးတွေကို တည်တည်ငြိမ်ငြိမ်နဲ့အကောင်းဆုံးကာကွယ်နိုင်ခဲ့ပါတယ်"ဟုပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဘရိုက်တန်ကွင်းလယ်လူကိုင်ဆီဒိုကို စံချိန်တင်ပြောင်းရွှေ့ကြေးပေါင်(၁၁၅)သန်းဖြင့် ခေါ်ယူလိုက်တဲ့ ချဲလ်ဆီး
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း