တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းရှိ Xian မြို့တွင် ရွှံ့မြေပြိုကျမှုကြောင့် သေဆုံးသူဦးရေ(၂၁)ဦးထိမြင့်တက်လာ
Pika (NSS) - ဩဂုတ် ၁၄
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းရှိ Xian မြို့တွင် ရွှံ့မြေပြိုကျမှုများကြောင့် သေဆုံးသူဦးရေသည် (၂၁)ဦးထိ မြင့်တက်လာပြီး ခြောက်ဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း Xian မြို့အရေးပေါ်စီမံခန့်ခွဲရေးအာဏာပိုင်များက ပြောကြားခဲ့သည်။
ဆင်ဟွာသတင်းဌာနမှ ထုတ်ပြန်သည့် ဗီဒီယိုတစ်ခုတွင် တောင်တန်းဒေသရှိ ရွာတစ်ရွာ၌ မြေပြိုကျမှုနှင့်အတူ လမ်းများတစ်လျှောက် သစ်ပင်များကျိုးကျကာ အမှိုက်များနှင့်အတူ အပျက်အစီးများ စုပုံနေသည်ကိုတွေ့ခဲ့ရသည်။ ရွှံ့မြေပြိုကျမှုကြောင့် နေအိမ်နှစ်လုံးပျက်စီးခဲ့ပြီး အိမ်ထောင်စု(၉၀၀)ခန့် လျှပ်စစ်မီးပြတ်တောက်မှုများနှင့် ကြုံတွေ့နေရကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။ ဂျပန်နှင့်တောင်ကိုရီးယားနိုင်ငံတို့ကို ဝင်ရောက်တိုက်ခတ်ခဲ့သော တိုင်ဖွန်းမုန်တိုင်း Khanun သည် ဩဂုတ်လ(၁၁)ရက်က တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း Liaoning ပြည်နယ်သို့ ဝင်ရောက်တိုက်ခတ်ခဲ့ပြီးနောက် အားပျော့သွားခဲ့ကြောင်းသိရသည်။
တိုင်ဖွန်းမုန်တိုင်းဝင်ရောက်မှုနှင့်အတူ မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် လူပေါင်း(၁၇၈၅၉)ဦးကို ဘေးလွတ်ကင်းရာသို့ရွှေ့ပြောင်းခဲ့ရပြီး Anshan မြို့အပါအဝင် မြေနိမ့်ပိုင်းရှိ မြို့များတွင် ရေကြီးမှုများရှိနေကြောင်း သိရသည်။ မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် Liaoning ပြည်နယ်တွင် တစ်နာရီလျှင်မိုးရေချိန် (၅၂)မီလီမီတာမြင့်တက်ခဲ့ပြီး ရေသိုလှောင်ကန်လေးခုသည် ကန့်သတ်ချက်များထက် ကျော်လွန်နေကြောင်း CCTV သတင်းဌာနကဖော်ပြခဲ့သည်။ ထို့ပြင် ဆိုးရွားစွာထိခိုက်မှုများရှိသော Liaoning၊ Shaanxi၊ Tianjin နှင့် Chongqing ပြည်နယ်များတွင် ရေကြီးမှုကာကွယ်ရန်နှင့် အရေးပေါ်တုံ့ပြန်မှုများလုပ်ဆောင်ရန်အတွက် တရုတ်နိုင်ငံ၏ ပြည်နယ်ရေကြီးမှုထိန်းချုပ်ရေးနှင့် မိုးခေါင်ရေရှားမှု ကယ်ဆယ်ရေးဌာနချုပ်နှင့် အရေးပေါ် စီမံခန့်ခွဲမှု ဝန်ကြီးဌာနတို့က ဩဂုတ်လ(၁၃)ရက်တွင် ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဓာတ်အားလိုင်းအောက်၌ ငါးမျှားနေသည့် အမျိုးသားတစ်ဦး ဓာတ်လိုက်မှု မိုးကောင်းမြို့တွင်ဖြစ်ပွား
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း