ဓာတ်အားလိုင်းအောက်၌ ငါးမျှားနေသည့် အမျိုးသားတစ်ဦး ဓာတ်လိုက်မှု မိုးကောင်းမြို့တွင်ဖြစ်ပွား
စော(NSS) - ဩဂုတ် ၁၄
ကချင်ပြည်နယ်၊ မိုးကောင်းမြို့တွင် 66KV မဟာဓာတ်အားလိုင်းအောက်၌ ငါးမျှားနေသည့် အသက် (၂၃)နှစ်အရွယ် အမျိုးသားတစ်ဦး ဓာတ်လိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဩဂုတ်လ ၁၃ ရက်)၊ မွန်းလွဲ(၂)နာရီခွဲဝန်းကျင်အချိန်တွင် မိုးကောင်းမြို့နယ်၊ ပင်းဘောကျေးရွာအုပ်စု၊ ဗမောက်ကုန်း နတ်ကြီးစင်ရှေ့၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း လက်ကမ်းပရဟိတအသင်းထံမှသိရသည်။
“66KV မဟာဓာတ်အားလိုင်းအောက်မှာဖြစ်သွားတာပါ။ အဲဒီအောက်က အိုင်မှာငါးမျှားရင်းနဲ့ အပေါ်ကို ဆွဲတင်တဲ့အခါ ငါးမျှားကြိုးနဲ့ လိုင်းကြိုးနဲ့လိပ်သွားတာပါ။ တကယ်တမ်း အဲဒီနေရာကငါးမျှားခွင့် မရှိဘူး”ဟု လက်ကမ်းပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါအမျိုးသားသည် အောင်လင်းဦး (၂၃)နှစ်ဖြစ်ပြီး ပင်းဘောကျေးရွာတွင် နေထိုင်သူတစ်ဦးဖြစ် ကြောင်းသိရသည်။
ဓာတ်လိုက်ခံရမှုကြောင့် ၎င်းအမျိုးသား၏ ခန္ဓာကိုယ်တွင် မီးလောင်ဒဏ်ရာ ၇၀ ရာခိုင်နှုန်းနီးပါး ရရှိခဲ့ပြီး မိုးကောင်းတိုက်နယ်ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လူမှုကူညီရေးအသင်းဥက္ကဋ္ဌကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်မှု မတ္တရာမြို့နယ်တွင်ဖြစ်ပွား
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း