တောင်တရုတ်ပင်လယ်အတွင်းဖြစ်ပွားနေသော တင်းမာမှုများလျှော့ချရန်အတွက် ပူးပေါင်းဆောင်ရွက်မှုများလုပ်ဆောင်ရန် ဖိလစ်ပိုင်အစိုးရကို တရုတ်အစိုးရတိုက်တွန်း
Pika (NSS) - ဩဂုတ် ၁၂
တောင်တရုတ်ပင်လယ်အတွင်း အငြင်းပွားမှုများကြောင့်ဖြစ်ပွားနေသော တင်းမာမှုများကို လျှော့ချရန်အတွက် ထိရောက်သောနည်းလမ်းများကို ရှာဖွေရန်အတွက် တရုတ်နိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်ရန် ဖိလစ်ပိုင်အစိုးရကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယီက တိုက်တွန်းခဲ့ကြောင်း ဆင်ဟွာသတင်းဌာနကဖော်ပြခဲ့သည်။
တောင်တရုတ်ပင်လယ်တွင် သောင်တင်နေသော စစ်သင်္ဘောတစ်စီး၏တည်နေရာနှင့်ပတ်သက်ပြီး နှစ်နိုင်ငံကြား တင်းမာမှုများ မြင့်တက်နေချိန်တွင် ယခုကဲ့သို့ မှတ်ချက်ပေးပြောဆိုမှုများ ထွက်ပေါ်လာခြင်းဖြစ်သည်။ ဩဂုတ်လ(၁၀)ရက်နှင့်(၁၁)ရက်တို့တွင် စင်ကာပူ နှင့် မလေးရှားနိုင်ငံတို့သို့ သွားရောက်လည်ပတ်စဉ်အချိန်အတွင်း ဝမ်ယီက ယခုကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
တရုတ်နိုင်ငံသည် ဖိလစ်ပိုင်နိုင်ငံနှင့် တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်ကာ သဘောထားကွဲလွဲမှုများကိုဖြေရှင်းရန် ဆန္ဒရှိကြောင်း အကြိမ်ကြိမ်ပြောဆိုခဲ့ပြီး ဖိလစ်ပိုင်ဘက်မှ ယခင်ကသဘောတူညီထားသော သဘောတူညီချက်များကို လိုက်နာမည်ဟု မျှော်လင့်နေကြောင်း ဆင်ဟွာသတင်းဌာနတွင် ဖော်ပြထား သည်။ ဖိလစ်ပိုင်အစိုးရသည် ၎င်း၏သီးသန့်စီးပွားရေးဇုန် (EEZ)အတွင်းတည်ရှိသော Second Thomas Shoal ကို ၎င်း၏အချုပ်အခြာအာဏာပိုင်ဆိုင်ခွင့် တောင်းဆိုမှုတစ်စိတ်တစ်ပိုင်းအဖြစ် ၁၉၉၉ ခုနှစ်တွင် ဒုတိယကမ္ဘာစစ်သင်္ဘော Sierra Madre ကို ရည်ရွယ်ချက်ရှိရှိ ရပ်တန့်ထားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
Second Thomas Shoal အပါအဝင် အနီးတစ်ဝိုက်ရှိရေပြင်ကို ပိုင်ဆိုင်ကြောင်း တရုတ်ဘက်ကအခိုင် အမာပြောဆိုခဲ့သော်လည်း နိုင်ငံတကာတရားရုံးက အဆိုပါနေရာများသည် ဖိလစ်ပိုင်နိုင်ငံအပိုင်ဖြစ် ကြောင်း ပြောဆိုခဲ့သည်။ အဆိုပါစီရင်ချက်ကိုအသိအမှတ်မပြုသော တရုတ်နိုင်ငံသည် တောင်တရုတ်ပင်လယ်တွင် လူလုပ်ကျွန်းများကိုတည်ဆောက်ကာ စစ်စခန်းများတည်ထောင်ခဲ့ကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူကရိန်းပဋိပက္ခကို ချက်ချင်းရပ်တန့်ရန် ရုရှားအစိုးရကို ပိုလန်သမ္မတ တိုက်တွန်း
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း